Chapter 26

684 118 5
                                    

တစ်ယောက်နောက် တစ်ယောက်လိုက်

စုန့်ယင်းရှီက ခွေးလေးကိုနေ့တိုင်း လမ်းလျှောက်ပေးနေကျလမ်းကြောင်း ရှိသည်။ အသစ်ဆောက်ထားသော အိမ်ရာတွေထဲက အပန်းဖြေဥယျာဉ်လေးကို တစ်ပတ်ပတ်ပြီး နောက်ထပ်လမ်းကြောင်းတစ်ခုကနေပြီး အိမ်ပြန်လာခဲ့သည်။ သို့ငြား ဒီနေ့တော့ ဟက်စကီးလေးက လမ်းဆုံနားရောက်သည်နှင့် ဆက်မသွားတော့ဘဲ အရှေ့တည့်တည့်ကိုသာ ဆက်သွားဖို့ကြိုးစားနေသည်။ 

သူမက ကြိုးကိုဆွဲလိုက်ပြီး 

“ဟွမ်းဟွမ်း ဒီဖက်မှာလေ”

ကျိရှောင်ယန့်က သူမပြောတာကို မကြားချင်ယောင်ဆောင်လိုက်ပြီး အရှေ့ကိုသာသွားချင်နေလေသည်။ 

စုန့်ယင်းရှီက သူ့ကိုပြန်ဆွဲဖို့ အားကုန်သုံးလိုက်ပေမဲ့ ဟက်စကီးလေးကတော့ ကြမ်းပြင်ပေါ်မှာ လဲအိပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲနေရတာက ခွေးအသေကြီးကိုဆွဲနေရသလို။ 

သူမဆွဲနေတာကိုရပ်လိုက်ပြီး ခွေးလေး၏ခေါင်းကိုပွတ်သပ်လိုက်သည်။ 

“ဟွမ်းဟွမ်း ဘာဖြစ်လို့လဲ”

ကျိိရှောင်ယန့်က သူမကိုကြည့်လိုက်ပြီး လမ်းဆက်လျှောက်လိုက်သည်။ 

စုန့်ယင်းရှီကမေးလိုက်၏။

“အဲ့ဖက်လမ်းကို သွားချင်လို့လား”

ကျိရှောင်ယန့်က ရှေ့ကိုနှစ်လှမ်းလောက်ဆက်လျှောက်လိုက်ပြီး သူမကိုတစ်ချက်လှည့်ကြည့်ကာ ဆက်လျှောက်သွားလေသည်။ 

စုန့်ယင်းရှီကဒီတစ်ခေါက်တော့ မရပ်တော့ဘဲဲ သူ့ဘယ်သွားနေလဲဆိုတာကို သိနိုင်ဖို့ သူ့နောက်ကိုသာလိိုက်သွားလိုက်သည်။ 

ငါးမိနစ်လောက်လျှောက်ပြီးသည့် နောက်မှာတော့  ခွေးက​လေးဟာ လမ်းမကြီးပေါ်ကနေဆင်းပြီး လူနေတိုက်ခန်းတစ်ခုထဲကိုဝင် သွားတာကြောင့် စုန့်ယင်းရှီက သူ့ကိုလိုက်ဆွဲရလေသည်။ 

ကျိုးလီဘယ်မှာနေလဲမသိပေမဲ့ ဟွမ်းဟွမ်းကတော့ ထက်မြက်သည့်ခွေးတစ်ကောင် ဖြစ်သည်။ တစ်ခါတစ်လေကျတော့ သူကသူမ၏စကားတွေကို နားလည်နိုင်သည်ဟုတောင် ထင်မိသည်။ ထို့ကြောင့် သူအရင်ကလျှောက်ခဲ့သော လမ်းတွေကို မှတ််မိနေတယ်ဟု ယူဆလိုက်တာကြောင့် မေးလိုက်သည်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now