Chapter 9

461 96 1
                                    

အိပ်မက်ဆိုးအရုပ်

ူလပိုင်ရှင် ချန်လိယဲ့သည် သူ့ကိုယ်သူအား ငယ်ရွယ်ပြီး အန္တရာယ်များသည့် ဂိုဏ်းစတားတစ်ယောက်အဖြစ် မြှပ်နှံထားသူဖြစ်ပြီး ၎င်းက သူ့ညီငယ်လေးများအား "နေရာကို စောင့်ကြည့်ခြင်း" ဟူသည်အတွေးအမြင်အပေါ် စိတ်အားထက်သန်လာစေခဲ့သည်။  

ထို့ကြောင့် စည်းဝေးပွဲပြီးချိန်တွင် သူတို့ထဲမှအများစုသည် စိတ်ချရသောရွေးချယ်မှုတစ်ခုဟု ခံစားရသည့် အင်တာနက်ကဖေးရှိရာသို့ တိုက်ရိုက်ဦးတည်လိုက်ကြသည်။ သို့သော်လည်း လက်တွေ့အစစ်အမှန်က သူတို့အား အိပ်မက်မှ လှုပ်နှိုးပေးလာ၏။

ဝင်‌လာကြသည့် သူတို့၏ ရည်ရွယ်ချက်ကို  ကြားပြီးနောက် အင်တာနက်ကဖေးပိုင်ရှင်မှာ ရုတ်တရက်ပင် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကာ သူ၏စီးပွားရေးမှာ အတည်အတံ့ စီးပွားရေးတစ်ခုဖြစ်ပြီး သူသည်  နက်ဝေါ့ မန်နေဂျာသာဖြစ်ပြီး ဝန်ထမ်းခန့်ထားနိုင်သည့် နေရာတွင် မရှိကြောင်း  ဆို၏။

 လမ်းသရဲလေးများအုပ်စုမှာ တုံ့ဆိုင်းသွားရလေပြီး ထိုသူက နက်ဝေါ့မန်နေဂျာသာဖြစ်နေလျှင်တောင်မှ သူတို့အား အလုပ်ခန့်ပိုင်ခွင့်အနည်းငယ်လောက်ဖြစ်ဖြစ်ရှိလိမ့်မည်ဟု တွေးမိကြ၏။ ဆိုင်ပိုင်ရှင်က ပြုံးလိုက်ကာ အင်တာနက်ကဖေးတွင် နက်ဝေါ့ကြီးကြပ်သူများ ရှိပြီးဖြစ်ကာ ဝန်ထမ်းအသစ်ခန့်ထားဖို့ရန်အစီအစဉ်မရှိသေးကြောင်း နှင့် အနာဂတ်တွင် ဝန်ထမ်းလိုအပ်လာပါက သူတို့အား စဉ်းစားပေးမည်ဖြစ်ကြောင်း ထပ်ပြော‌လာလေသည်။ 

အစပိုင်းမှာပင် *လက်သည်းပျော့လေးများ အထုခံလိုက်ရသည့် ဂိုဏ်းစတားငယ်လေးများမှာ ရှုံးနိမ့်မှုဒဏ်ကို ခံစားလိုက်ကြပြီးနောက် ပြန်ထွက်သွားလိုက်ကြရကာ ယခုအချိန်တွင်တော့ လက်ကမ်းစာစောင်များသာ ဝေပေးချင်နေကြပြီဖြစ်လေသည်။ 

[T/N: *ငြင်းပယ်ခံရသည်]

လူအချို့သည် လျို့ရှီးခရိုင်ရှိ  စီးပွားရေးအချက်အချာ‌နေရာသို့ ထွက်လာခဲ့ကြရာ ယခင်ကနေရာတိုင်းတွင် တွေ့မြင်ရလေ့ရှိသည့် လက်ကမ်းစာစောင်လေးများအား ယနေ့လုံးဝ မတွေ့ရသည်ကို ရှာတွေ့သွားကြသည်။ ဤသည်မှာ ပိတ်ရက်ဖြစ်သောကြောင့်သို့မဟုတ် မွန်းတည့်ချိန်မဟုတ်သေးသောကြောင့်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။ 

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now