Chapter 24

336 59 0
                                    

အွန်လိုင်းပေါ်တက်ခြင်း

စုန့်ယင်းရှီက လင်ယယ်ကိုမမှတ်မိပေမဲ့ ကျိုးလီကိုတွေ့လိုက်တာကြောင့် ဟက်စကီးကိုလွှတ်ပေးလိုက်သည်။

လင်းယဲ့ကနောက်ထပ်ရောက်လာသော လူတွေကို စူးစမ်းကြည့်လိုက်တော့ ဒီခွေးက ပုံထဲကခွေးနှင့်တူနေတာကြောင့် သူ့ခြေလက်တွေကို စစ်ဆေးကြည့်ဖို့ လျှောက်လာလေသည်။ ကျိုးလီက ဘာဆက်ဖြစ်တော့မလဲဆိုတာကို စဉ်းစားမိတာမို့ Golden retriever လေးကိုလည်း လွှတ်ပေးလိိုက်သည်။

လူသုံးယောက်နှင့် ခွေးနှစ်ကောင်ဆုံမိကြသည့်အချိန်မှာတော့ ပထမဦးဆုံးတုံ့ပြန်သည့်သူက စုန့်ယင်းရှီလည်းမဟုတ် လင်ယယ်လည်းမဟုတ်ပဲ golden retriever လေးဖြစ်နေသည်။

golden retriever လေးက သူနှင့်အမျိုးတူခွေးကလေးကိုတွေ့လိုက်တာကြောင့် ဝမ်းသာအားရဖြင့် ဟက်စကီးပေါ် ခုန်တက်လေတော့သည်။ ကျိရှောင်ယန့်ကလည်း တုပ်တုပ်မျှမလှုပ်ချေ။ Golden retriever လေးက သူ့ဆီကိုအရှိန်ဖြင့် ခုန်တက်ပြီး နမ်းရှုံ့လာသည့်အချိိန်မှာတော့ သူ့လက်ကလေးဖြင့် ဟိုကောင်၏ခေါင်းကို တစ်ချက်တည်းရိုက်ထည့်လိုက်လေသည်။

ကျိုးလီ "....."

Golden retriever လေး "...."

Golden retriever လေးက ပျော်ပျော်နေတတ်သော နတ်သားလေးဖြစ်သည်။ ခဏလောက်ကြောင်အသွားပြီးသည့်နောက်မှာ အရှေ့ကိုဆက်တိုးလာသည်။ ဟက်စကီးလေးကလည်း သူ့ကိုထပ်ခါထပ်ခါရိုက်ပြန််သည်။

နောက်ဆုံး ဟက်စကီးလေးကို ခဏလောက်ကြောင်ကြည့်ပြီးသည့်သူဟာ နောက်မှာတော့ ကျိုးလီနားကို "အာဝု" ဟုအသံပြုကာပြေးလာပြီး ကောင်လေး၏ခြေကျင်းဝတ်နားကို ပြေးဖက်လေသည်။ ဘောလုံးလေးလိုမျိုးခွေနေလိုက်ဟန်က စိတ်ထိခိုက်သွားပုံရ၏။

သနားဖို့ကောင်းလိုက်တဲ့မြင်ကွင်းလေး။

ကျိုးလီက မနေနိုင်မထိုင်နိုင်ဖြင့် သူ့အမွေးတွေကို ပွတ်သပ်ပေးနေလိုက်ပေမဲ့ ဦးလေးကြီးက သူ့ကိုခေါင်းထောင်ပြီးကြည့်နေတာကိုမြင်လိုက်တော့ Golden retriever လေးကို တုန်တုန်ရီရီဖြင့် ပြန်ချထားလိုက်ရသည်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now