Chapter 27

332 79 3
                                    

မြန်မြန်ပြေး

ကျိုးလီက သူ့ရှေ့ကလမ်းကို အာရုံစိုက်လိုက်ပြီး ဥပဒေကခွင့်ပြုထားသလောက် ကားကိုအရှိန်မြှင့်လိုက်သည်။

သူ့ယခင်ဘဝက ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားခဲ့တာဖြစ်သည်။ တစ်ခါတစ်လေ တချို့ကိစ္စလေးတွေအတွက် နောင်တရမိပေမဲ့ အကြီးမားဆုံးသောအမှားတွေနှင့် ယှဉ်လာလျှင်တောင် အခုဒီအနေအထားရောက်လာအောင် သူလုပ်ခဲ့မိသည့်အပြုအမူလေးတွေကို ပိုနောင်တရမိသည်။

သူဘယ်လောက်တောင်တုံ့ဆိုင်းနေခဲ့မိသလဲဆိုတာကို နောင်တရသည်။

ဇာတ်ကြောင်းကပြောင်းလဲသွားပြီး ကျိအာ့ဘက်ကနေလည်း မူလဇာတ်ကြောင်းအတိုင်းသွားနေတာ မဟုတ်တော့ သိပ်တော့မျှော်လင့်ထားလို့မရပေ။

ကျိရှောင်ယန့်က သူ့မူလပုံစံကိုပြောပြချင်နေမှန်း ခန့်မှန်းမိပေမဲ့ သူ့ကိုအဖိုးကျိဆီသာပြန်ပို့လိုက်လျှင် စမ်းသပ်ရေးကိရိယာတွေက ကျိရှောင်ယန့်ကို အရူးတစ်ယောက်ဟုထင်ကြလိမ့်မည်။ အဆုံးသတ်ရောက်လို့ နှစ်ရက်လောက်ပဲကြာလျှင်တောင်မှ ဒီလိုအခြေအနေမှာ အဆုံံးသတ်မှာပင်။

ကျိရှောင်ယန့်က သေလုမြောပါးဖြစ်မှပဲ မူလခန္ဓာကိုယ်ဆီကိုပြန်သွားနိုင်မှာ ဖြစ်သည်။

ကျိအာ့က ဒီအကြောင်းကိိုမသိသာမို့ ဘာမှစိတ်ပူသည့်ပုံမပေါ်။ သူက ကျိရှောင်ယန့်၏အရိပ်အောက်မှာ နေလာခဲ့ရတာ ကြာလှပြီဖြစ်သည်။ အခုဒီလူသားကို သူ့လက်ဖဝါးအောက်မှာ ထိန်းချုပ်နိုင်နေပြီဆိိုတော့ သေသည့်အထိတစ်ခါတည်း ရှင်းပစ်မဲ့အစား တဖြည်းဖြည်းချင်းစီ နှိပ်စက်တော့မည်ပင်။

ဒီအခြေအနေရောက်လျှင် ကျိရှောင်ယန့်က အစာငတ်ခံပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်မလား၊ အနှိပ်စက်ခံရလို့ပဲ သေမလား နှစ်ခုပဲရှိသည်။ ကျိရှောင်ယန့်ကမူ မျှော်လင့်ချက်မရှိတော့သည့် အဆုံးထိရောက်မှသာ ဒုတိယလမ်းကိုရွေးချယ်နိုင်လိမ့်မည်။

ကျိုးလီက ကျိရှောင်ယန့်အပေါ်မှာ လူတစ်ယောက်အနေနှင့် ဘာခံစားချက်မှမရှိပေမဲ့ ဟက်စကီးခန္ဓာကိုယ်ထဲက ဝိညာဉ်အနေနှင့်ဆိုလျှင်တော့ သူသည်းမခံနိုင်။

You've reached the end of published parts.

⏰ Last updated: Nov 03 ⏰

Add this story to your Library to get notified about new parts!

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now