Chapter 10

480 112 3
                                    


တိကျသော အကဲဖြတ်မှု

 စုန့်ယင်းရှီ သည် အရောင်ဖျော့ဖျော့စကပ်နှင့်တီရှပ်ကို တွဲဝတ်ထားသည်။ ပခုံးထက် အနည်းငယ်ရှည်သော  ဆံနွယ်တို့က လျော့ရဲရဲ ကျဆင်းလျက် ရှေ့ဆံမြိတ်အား သူမဝတ်ထားသောစကပ်နှင့်အရောင်တူ ကလစ်ဖြင့် ပင့်တင်ထားသည်။ သူမ၏ အသွင်အပြင်အလုံးစုံမှာ သန့်ရှင်းကာ ချစ်စရာ‌ကောင်းလေပြီး သူမ၏ ချိုသာသော အသွင်အပြင်ဖြင့် တွဲလိုက်သောအခါ အကြည့်တချက်ဖြင့်ပင် လူတို့နှစ်သက်မှုအား အလွယ်တကူ ရယူနိုင်ပေ၏။ ဇာတ်လိုက်မဆိုတာ အလကားခေါ်တာမှ မဟုတ်ပါပဲလေ။

သူမက ကျောပိုးအိတ်အသေးလေးတစ်ခုလွယ်လျက်လက်ထဲတွင် ရေခဲမုန့်တစ်ခွက် ကိုင်ကာ လမ်းလျှောက် စားသောက်နေရင်း လမ်းနှစ်ဖက်ရှိ ဈေးဆိုင်များအား ရံဖန်ရံခါ စိတ်ဝင်တစားငေးနေသည်။

ကျိုးလီက မူလဇာတ်ကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ကြည့်ရတာ သူမဈေးကို မရောက်ဖြစ်တာ ကြာပြီဖြစ်‌တာကြောင့် အပြင်ထွက် လျှောက်လည်ရန် ဆုံးဖြတ်လိုက်သော အချိန်ဖြစ်လောက်ပေသည်။

စုန့်မိသားစုနှင့် ချန်မိသားစု နှစ်စုလုံးမှာ ရှန်းမန်မြို့မှ ဖြစ်ပြီး အဖေစုန့်နှင့် အဖေချန်တို့နှစ်ယောက်စလုံးမှာ ထိုခေတ်အခါက ရှားပါးသော ကောလိပ်ကျောင်းသားများထဲမှ နှစ်ယောက် ဖြစ်ကြ၏။

ကွာခြားချက်မှာ ချန်သောရှူ့သည် ကုမ္ပဏီတစ်ခုသို့သာဝင်ရောက်ကာ လစာယူပြီး ငွေရှာလိုခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုကုမ္ပဏီမှာ ပြိုလဲသွားခဲ့ပြီး သူငယ်ချင်းတစ်ယောက် ၏ အကြံပြုချက်ဖြင့် အင်တာနက်ကုမ္ပဏီတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ နှစ်များစွာ အောင်ပွဲခံခဲ့ပြီးနောက် ယခုတော့ သူသည် ကစားပွဲအတွင်းမှ ထွက်ခွာရလုဆဲဆဲအခြေအနေဖြစ်နေသည်။

တဖက်တွင်မူ အဖေစုန့်သည် ရိုးသားကြိုးစားမှသာရရှိမည့် လစာငွေကို မလိုချင်ခဲ့ပေ။

ထိုခေတ်အခါက သူသည် အမှီအခိုကင်းကင်းနှင့် အလုပ်ကြိုးစားခဲ့ပြီး မြို့တော်တွင် အောင်မြင်စွာ အခြေချနိုင်ခဲ့ကာ သူ့မိခင်ကိုပါ သူနှင့်အတူ မြို့တော်သို့ ခေါ်သွားခဲ့သည် ။ ထို့နောက်မှာတော့ သူ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အပြုသဘောဆောင်သည့် ဦးတည်ချက်နှင့် ဆက်လက်လုပ်‌ကိုင်ခဲ့ပြီးနောက် လက်ရှိဇနီးသည်အား လက်ထပ်ခဲ့ပြီး နောက်တွင်တော့  ဗီလာသို့ ပြောင်းရွှေ့နေထိုင်ခဲ့လေသည်။ သို့ပေမဲ့ အမေစုန့်က သူမ၏ချွေးမအသစ်ကို သဘောမကျတာကြောင့် သူနှင့်အတူ လိုက်မပြောင်းလိုခဲ့ပေ။ထို့နောက် သူမချွေးမက သူမမြေးမလေးပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံသည်ကို ‌မြင်တွေ့ခဲ့ရပြီး သူမ၏ ချွေးမတွင် ကိုယ်ဝန်ရှိနေကြောင်းသိပြီးချိန်တွင် သူမ၏မြေးမလေးအား သူမကသာလျှင် စောင့်ရှောက်သင့်သည်ဟု အကြံပြုခဲ့လေသည်။ 

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now