Chapter 12

338 76 0
                                    

အလုပ်ရှာခြင်း

ကျိုးလီက နေ့လည်ရောက်မှ အိမ်ပြန်သွားလိုက်သည်။

အိမ်က သူအပြင်မထွက်ခင်ကအတိုင်း အနေအထားမှာပဲ ရှိနေပြီး ဘာကိုမျှထိမထားပုံပေါ်‌နေသည်။ သူ့ အိပ်ခန်းဆီတိုက်ရိုက်သွား ကြည့်လိုက်တော့ ဟက်စကီးက သူ့အသိုက်ထဲ လဲလျောင်းနေ၏။ သူကနှုတ်ဆက်လိုက်သည်။

“ဥဥလေးရေ၊ ငါပြန်ရောက်ပြီ"

ဟက်စကီးက ပြန်မတုံ့ပြန်ပေ။

ကျိုးလီက လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။

"မင်း ငါ့ကိုလွမ်းနေလား"

တုံ့ပြန်မှုမရှိ။

"တခြားဟက်စကီးတွေဆို သူတို့ပိုင်ရှင်ကို တွေ့တာနဲ့  ဘယ်ချိန်မဆို ပြေးကြိုကြတယ်။ မင်းကတော့ ဘယ်လိုတောင် အေးစက်စက်နိုင်ရတာလဲ"

တုံ့ပြန်မှု ကင်းမဲ့နေဆဲပင်။

ကျိုးလီက ခွေးကိုကြည့်ကာ ဒီသခင်ငယ်လေးက အနည်းငယ် စိတ်ဓါတ်ကျ အထီးကျန်နေကြောင်း ခံစားမိသွားသည်။ သူက တဖက်လူကို ကောက်မပြီး အမွှေးတွေကိုဖွလိုက်ချိန် ခွေးခြေဖဝါးပေါ်ကပ်နေသော ဖုန်မှုန့်တွေကို တွေ့လိုက်ရသည်။ ကျိုးလီက မျက်နှာပေါ်မှာ ဘာအမူအရာမှ မပေါ်စေဘဲ ခွေးလေးကို စိတ်ရှည်လက်ရှည်ဖြင့် ခဏလောက် နှစ်သိမ့်ပေးလိုက်ပြီးနောက် နေ့လည်စာဝယ်ရင်းနှင့် လေကောင်းလေသန့်ရှူဖို့ရန် ခွေးကိုပွေ့ချီကာ အောက်ဆင်းသွားလိုက်သည်။

"မင်း စိတ်လှုပ်ရှားသွားတယ် ဟုတ်? မင်း အထီးကျန်နေမှာစိုးလို့ ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်း ပြေးလာခဲ့တာ။ ဘာမှတောင်မစားခဲ့ရဘူး။ မင်းငါ့ကို ကျေးဇူးတင်သင့်တယ်"

သူက နှစ်ယောက်စာ နေ့လည်စာကို ကိုင်လာရင်းမှ တိုက်ခန်းအိမ်ရာဝန်းထဲဝင်ရင်း  ဦးလေးခွေးကို လက်ချာရိုက်နေလိုက်သည်။ ပန်းခင်းကိုဖြတ်သွားချိန်၌ သူတချက်လောက်လှမ်းကြည့်လိုက်ပြီးနောက် မြက်ပင်တချို့ကို သွားနှုတ်လိုက်သည်။

သူက ဒါဟာ ပန်းခင်းအတွက် အခမဲ့ ပေါင်းသတ်ပေးခြင်း အစီစဥ်ဟု ယူဆထားလိုက်၏။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now