Chapter 16

330 83 3
                                    

အစိုးရိမ်လွန်နေသော ပိုင်ရှင်

ကျိုးလီက နောက်ကျသည်အထိ အိပ်တတ်သောအကျင့် မရှိတာကြောင့် နောက်တစ်နေ့မနက်မှာလည်း ပုံမှန်အတိုင်းပဲအစောကြီး နိုးလာခဲ့သည်။ သခင်လေးကျိကလည်းနိုးနေတာကိုတွေ့တော့ သူ့လက်ထဲမှာပွေ့ဖက်လိုက်ပြီး အမွေးတွေကို ပွတ််သပ်ပေးနေလိုက်သည်။ ထို့နောက်မှ ခွေးကလေးကို သူနှုတ်ဆက်လိုက်ပြီး ရေချိုးလိုက်ပြီးနောက် လမ်းလျှောက်ထွက်လေသည်။

သူတို့အိမ်ပြန်ရောက်လာပြီးသည့် နောက်မှာတော့ မနက်စာစားလိုက်ကြပြီး သူက ဦးလေးကြီး၏ အစာခွက်နှင့် ရေခွက်တွေကို ဆေးကြောလိုက်ကာ ပလက်စတစ်အိတ်ထဲ ထည့်လိုက်သည်။

ချန်သောရှု့က ဒီအပတ််အချိန်ပို လုပ်စရာမလိုပေ။ ခွေးလေး၏ပစ္စည်းတွေကို ထုတ်ပိုးနေတာကိုမြင်တော့ ခွေးပိုင််ရှင်ပြန်ရောက်လာပြီဟု ထင်လိုက်ပေမဲ့ သေချာကြည့်လိုက်တော့ အစာခွက်တွေက သူ့အိမ်ကခွက်တွေဖြစ်နေတာကို တွေ့လိုက်ရသည်။ ခွေးကိုပြန်ပေးမည်ဆိုလျှင် အိမ်ကအစာခွက်တွေကို လက်ဆောင်အနေနှင့် ထည့်ပေးစရာတော့ မလိုဘူးမဟုတ်လား။ သူမေးလိုက်သည်။

"သူ့ကို အလုပ်ခေါ်သွားမလို့လား"

"မဟုတ််ပါဘူး"

ကျိုးလီက သူ့ကိုမယုံကြည်သည့်ကြောင်းကို တည့်ပြောလိုက်ချင်ပေမဲ့ ဒေါသထွက်လာလျှင် ရစ်နေဦးမှာမို့ ကွေ့ပတ်ပြီးတော့သာ ဖြေလိုက်သည်။

"ရှောင်ဝူကခွေးလေးကိုချစ်တယ်လေ။ ကျွန်တော်ဒီနေ့အလုပ်ရှိတယ်လို့သူကြားတာနဲ့ သူကဒီနေ့တစ်ရက် ခွေးလေးနဲ့ဆော့ချင်လို့တဲ့။ အလုပ်ပြီးရင်တော့ သူ့ကိုပြန်သွားခေါ်မှာပါ။"

ချန်သောရှု့က ရစ်ပြန်သည်။

"အစာခွက်တွေ ယူသွားစရာမှ မလိုတာ"

ကျိုးလီကပြောသည်။

"အစာခွက်ပြောင်းလိုက်ရင် သူမစားတော့မှာစိုးလို့ပါ"

အမှန်က သူအချက်အလက်တွေအရဆိုလျှင် ဒီလိုဒေသမှာ ခွေးတွေအတွက်အစာခွက်ဆိုတာက သုံးလို့မရတော့သည့် ပန်းကန်အကျိုးအပဲ့တွေကို သုံးကြတာများသည်။ ခွက်တွေက သန့်သန့်မသန့်သန့် ဒီလိုပဲကျွေးကြတော့ သခင်လေးကျိကိုသာ အဲ့လိုမျိုးကျွေးလိုက်လျှင် သူတစ်နေကုန်လုံး အငတ်ခံလာမှာ ကျိန်းသေသည်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now