Chapter 19

404 91 1
                                    

လက်ဆောင်အား ထုတ်ပိုးခြင်း

ကျိရှောင်ယန့်က ငတုံးမဟုတ်။  သူ့အတွက်တော့ ဒါမျိုးကို ဖိချဖို့ မဖြစ်နိုင်ချေ။

သူ့ ခွေးလက်သေးသေးလေးက တစ်စုံတစ်ယောက်၏ လက်ထဲ ဆုပ်ကိုင်မခံရခင်  လျင်မြန်သောအရှိန်ဖြင့်  နောက်ကို နှစ်လှမ်း ဆုတ်လိုက်ပြီးနောက် ရေဆာချင်ယောင်ဆောင်လျက် အိပ်ရာပေါ်က ‌ခုန်ဆင်းလိုက်ကာ  ရေသွားသောက်သည်။ 

ထို့နောက်မှာမှ ကုတင်ပေါ် ခပ်တည်တည်ပြန်တက်ကာ ခုနတုန်းက အဖြစ်အပျက်တွေကို သတိမရတော့သည့်အလား အရူးကောင်၏နံဘေးနားမှာ လှဲချကာ ဟန်ပန်က အထူးသဖြင့်ကို အပြစ်ကင်းပုံပေါ်လေသည်။ .

ကျိုးလီက ဒီ အမွေးလုံးဟက်စကီးလေးကို ‌‌ရှုပ်ထွေးသော ခံစားချက်နှင့်အတူ အသံတိတ် စိုက်ကြည့်နေလိုက်သည်။ 

ဘာမှ မဖြစ်ခဲ့သလို အတင်းအကျပ် ဟန်ဆောင်နေတယ်၊ တော်လိုက်တဲ့ သခင်‌လေးပါလား။ တကယ်တမ်း မင်းကလူသားဆိုတာ ငါသိနေပြီးသားကွ။ မင်းယုံနိုင်ရဲ့လား?

သူက ဦးလေးခွေးအား ဂိမ်းကို ပြီးအောင်ကစားစေချင်ပေမဲ့ မျက်လုံးက အရုပ်ဆီ ရောက်သွားချိန်မှာတော့ သူတန့်သွားသည်။ အရုပ်က ပျက်များနေသလားဟူသော သံသယကြောင့် နောင်ဆုံးကျန်သွသော သွားကို သူ့လက်နှင့် ဖိချလိုက်ရာ “ပေါ့ပ်” ဆို‌သော အသံနှင့်အတူ ဟက်စကီးခွေးခေါင်းက သူ့လက်ချောင်းတွေပေါ် ပိကျလာလေသည်။

ကျိုးလီမှာ သူ့လက် နာမသွားနိုင်တာကို သတိမပြုမိလိုက်ခင်မှာဘဲ မသိစိတ်ကနေ “အို့”ခနဲ့ အသံထွက်မိသွား၏။ သူက အရုပ်ကို ပြန်ဟလိုက်ပြီး ပြောလိုက်သည်။ 

“ဒါက ပျက်နေတာ မဟုတ်ဘူးပဲ”

ကျိရှောင်ယန့်မှာ ထိုသူ့ကို “ စိတ်ရောဂါရှိနေသူအား ကြည့်ခြင်း”  သဘော သက်ရောက်စေသော  အကြည့်မျိုးနှင့်  မကြည့်မိစေဖို့ သူ့ကိုယ်သူအတတ်နိုင်ဆုံး ထိန်းချုပ်ထားရပြီး အပြစ်ကင်းချင် ယောင်ဆောင်ကာဖြင့် ဆက်ပြီး ပြားနေအောင် လှဲနေလိုက်သည်။

ကျိုးလီက ဦးလေးခွေးကို ဖက်ကာ အရုပ်နှင့် မျက်နှာချင်းဆိုင်တည့်တည့်မှာ ထိုင်စေလိုက်ပြီး  နေရာတကျ ချထားပေးလိုက်သည်။ 

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now