Chapter 20

314 74 0
                                    


ဒီ နွေရာသီကို နှုတ်ဆက်ပါတယ်။

ကျိရှောင်ယန့်က ဘောလုံးလေးနှင့် နှစ်ခါလောက် လှည့်ပတ် တွန်းထုတ် ကစားပေးလိုက်ပြီးနောက် အရူးကောင်၏ စိတ်အခြေအနေက အုံ့မှိုင်းနေရာကနေ မြန်မြန်ဆန်ဆန်ပဲ ကြည်ကြည်လင်လင်အဖြစ်ကို ပြောင်းလဲသွားတာကို သတိပြုမိလိုက်သည်။

စိတ်အခြေအနေ လုံးဝပြောင်းသွားတာတင် မကပဲ ဒီလူက သီချင်းပါဆိုနေလိုက်သေး၏။

"ငါတို့ သာမာန်လူတွေ အားလုံးအတွက် ဒီညတော့ ငါအရမ်းပျော်ရွှင်မိတယ် ဟူး!"

ကျိုးလီက ခွေး‌လက်ဖဝါးသေးသေးလေးကို ဆုပ်ကိုင်ထားရင်း မီးကျိုးမောင်းပျက် အသံကြီးကိုဂရုမစိုက်ဘဲနှလုံးထွက်ကျမတတ်ဆိုနေလေသည်။

"ငါတို့ သာမာန်လူတွေ အားလုံးအတွက် ၊ ဒီညတော့ ငါအရမ်းပျော်ရွှင်မိတယ် ဟေး!"

ကျိရှောင်ယန့် :"....."

မတိုင်ခင်လေးက သူတွေးမိတာက ဒီအရူးကောင်က အချိန်အကြာကြီး သုံးကာ ပြန်လည်သုံးသပ်ပြီးနောက်မှာ ချန်သောရှူ့ကို အဝေးပို့လိုက်ရခြင်းအားဝမ်းနည်းနေတာဟူ၍ ဖြစ်သည်။

သူ့ကို အခုကြည့်လိုက်စမ်းပါဦး!

ဦးနှောက်ကြွက်သားတွေ ပျောက်နေတာများ။အတော်လွန်လွန်ကြူးကြူးပျောက်လို့ အန္တရာယ်များတဲ့ အစွန်းတောင်ရောက်နေပြီ!

ကျိုးလီကတော့ သဘာဝတကျပဲ ဦးလေးခွေး၏အတွင်းကြိတ် ကျိန်ဆဲမှုတွေကို သိမနေခဲ့ပေ။ သူ သိခဲ့လျှင်တောင် ဂရုစိုက်မှာလည်း မဟုတ်ပါချေ။

သို့ငြား မကြာခင်မှာပဲ သူ့၏အော်ဟစ်သီဆိုမှုက သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို ဆွဲဖြဲလိုက်သလို ဖြစ်သွားပြီးနောက်မှာတော့ သူ၏အ ကြီးမားဆုံးပျော်ရွှင်မှုကြီးက အကြီးမားဆုံးသော ဝမ်းနည်းမှုကြီးအဖြစ်ကို ပြောင်းသွားခဲ့လေ၏ ။

နာကျင်မှုကြောင့် စုပ်သပ်လိုက်မိပြီး သူက ဦးလေးခွေးကို နောက်ဆုံးတော့ အောက်ချပေးလိုက်ကာ နတ်ဆိုးတစ်ကောင်လို ပြုမူနေတာတွေကို ရပ်လိုက်ပြီး သူ့ကိုယ်သူ ဆေးထည့်ဖို့အတွက် လှည့်ထွက်သွားတော့သည်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now