Chapter 14

294 71 1
                                    

မင်းက အဲ့လောက်တုံးရလား

"ငါ့ရဲ့စရိုက်ခွဲက မင်းကိုရိုက်ခဲ့လို့ စိတ်ထိခိုက်ပြီး ဆွံ့အသွားတာလား ။အဲ့ဒါကြောင့် မင်းတစ်ခါမှမဟောင်ခဲ့တာလား။"

ကျိုးလီက ခုတင်ပေါ်မှာ တင်ပျဥ်ခွေထိုင်ရင်း ဟက်စကီးလေးကိုပွေ့ဖက်ထားကာအမွေးတွေကိုပွတ်သပ်ရင်း အလွန်အမင်း စိတ်မကောင်းဖြစ်ဟန်ဆိုသည်။

ကျိရှောင်ယန့်သည် သူ့ပေါင်ပေါ်မှာ လှဲရင်း ပြုသမျှ ငြိမ်ခံကာ ဘာတွေ ဖြစ်ပျက်သွားမှန်း စဉ်းစားလို့မရဖြစ်နေသည်။

သူထင်ခဲ့တာက ဒီအရူးကောင်က သူ အိပ်ရာပေါ်ခိုးတက်တာကို သိလျှင် မောင်းထုတ်ပစ်မည်ဟုပင် ။သကောင့်သားက ဒါကို စိတ်ထဲတောင် ထားမနေဘဲ အခုလိုမျိုးတုံ့ပြန်လာမည်ဟုဘယ်သူကထင်ထားမည်နည်း။

'ငါ့ခွေးပေါက်လေးက သနားပါတယ် ငါဖက်ထားပေးမယ်' ဟူသော လေသံမျိုးဖြင့် ကျိုးလီက သူ့ကိုပြောလိုက်သည်။

"ကိစ္စမရှိဘူး။ မင်းအနေနဲ့ပိုပြီး သက်တောင့်သက်သာဖြစ်လာအောင် ငါစောင့်ပေးမယ်။ အလျင်လိုဖို့မလိုဘူး"

သခင်လေးကျိ၏မျက်နှာက မပြောင်းလဲဘဲ ဒီအတိုင်းရှိနေဆဲ။

ကျိုးလီကဆက်ပြောသည်။

"ငါ့ရဲ့အခုစိတ်က အရင်ကနဲ့ မတူတော့ပါဘူး။ ငါဒီမှာရှိနေသေးသရွေ့ ငါမင်းကိုမရိုက်တော့ဘူး။ အဲ့တာကြောင့် စိတ်မပူနဲ့ ဟုတ်ပြီလား"

သူသည် ခွေးဦးလေးကြီးက ကန်ချခံလိုက်ရသောအကြောင်းကို မေ့သွားဖို့မျှော်လင့်ရင်း အမွေးတွေကို ပွတ်သပ်နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက်မှ ဦးလေးကြီးကို သူ့ခေါင်းအုံးဘေးမှာချလိုက်ပြီး မီးကိုလှမ်းပိတ်လိုက်သည်။

ကျိရှောင်ယန့် :"..."

ဒီအပြုအမူတွေကြောင့် ဒီလူကိုဘယ်လိုမြင်ရမယ်မှန်းတောင် သူမသိတော့။ ခဏလောက်စဉ်းစားလိုက်ပြီးသည့်နောက်မှာ သူကောက်ချက်ချနိုင်ခဲ့သည်။ ဒီကောင်၏ဦးနှောက်ထဲမှာ တွင်းတွေအများကြီးရှိနေသည့် အပြင် တွင်းတွေအကုန်လုံးကလည်း အတော်နက်သည်ဟုပင်။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now