Chapter 4

676 107 2
                                    

ဇာတ်ကြောင်း


 ကျိုးလီ၏ ပေါင်ဟာ ချန်သောရှု့၏ ကန်ချက်ကို ခံထားရတာဖြစ်သည်။

ကျိုးလီ သူ့ကမ်းခြေဘောင်းဘီ အောက်ကိုကြည့်လိုက်ရာ ပေါင်ကနီရဲရောင်ကိုင်းနေသည်ကိုတွေ့လိုက်ရသည်။နောက်နေ့ရောက်လျှင် ညိုမဲတောင်သွားပေလိမ့်မည်။သူ့နောက်ကျောကလည်းအလားတူအခြေအနေမှာပင်။အကြမ်းဖက်သည့်လူများဟာ စိတ်ရူးပေါက်ချိန်၌ အကြောင်းပြချက် လုံးဝမရှိသလို ရိုက်နှက်သည့်အပိုင်းမှာလည်း ဦးနှောက်၏ 80% က သူတို့၏ရိုက်ချက်က ဘယ်လောက်တောင်ပြင်းထန်သွားမလဲ မစဥ်းစားကြချေ။ 

ချန်သောရှု့က ဧည့်ခန်းမှနေ၍ ထမင်းချက်ဖို့ရာ ​အော်ပြောလာပြန်သည်။ “မအေယိုး”ဟု တိတ်တိတ်လေး ဆဲရေးရင်း သူ မတ်တပ်ရပ်၍ ထွက်လာလိုက်ရသည်။

ထိုအချိန်၌ ချန်သောရှု့ကအဝတ်အစားလဲပြီးသွားပြီဖြစ်သည်။

သူကအသက်လေးဆယ်အရွယ်ရှိပြီး ဘီယာဗိုက်ရှိကာ ခေါင်းတစ်ဝက်လောက်ကထိပ်ပြောင်နေ၏။

သူကတစ်နှစ်ပတ်လုံးနီးပါးအရက်မူးနေသဖြင့် သူ့မျက်လုံးတို့ကမကြည်လင်ဘဲ အဖြူရောင်မျက်သားတို့၌သွေးကြောနီတို့ရှိနေပြီး သူ့၏ခက်ထန်သောမျက်နှာကမှုန်မှိုင်းသည့်ပုံစံကိုဖော်ပြနေ၏။

သို့သော်လည်း သူပြုံးလိုက်သည်နှင့် အနည်းငယ်မျှပြုံးလျှင်တောင် သူ့မျက်နှာဝိုင်းဝိုင်းက ကြင်နာသည့်လူကြီးပုံဖြစ်သွားစေသည်။အိမ်နီးချင်းများအမြင်တွင် တော့ သူကလူကောင်းတစ်ယောက်ပင်။

စောနတုန်းက သူ့ကိုယ်ထဲရှိ နိုင်လိုမင်းထက်ပြုလိုစိတ်ကို အကုန်ထုတ်ပြီးသွားတာကြောင့်ဖြစ်နိုင်သည်။စိတ်ခံစားချက်က ငြိမ်နေကာ ကျိုးလီ အခန်းထဲမှာ အတော်ကြာအောင်နေပြီးမှ ထွက်လာတာကိုပင် စိတ်မဆိုးချေ။ သူက TVဖွင့်၍ သူ့သားအားကြည့်ကာ ပြောလာသည်။

 “အခုသွားပြီးချက်တော့”

ခဏရပ်သွားပြီးမှ သူတည်ငြိမ်စွာထပ်ပြောလာ၏။

 “နောက်ခါဆို နေ့လယ်မှ တစ်ရေးအိပ်လေ။ဒီအချိန်ကြီးအိပ်မှတော့ ညကျဘယ်အိပ်ပျော်တော့မလဲ?”

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now