Chapter 2

921 135 9
                                    

ပိုက်ဆံချေးခြင်း

၅၀၀ အပေါင်း ရှစ်ဒသမ သုံးခွန်..... တကယ့်ကိုပဲ အသုံးမဝင်လှ။

ရှောင်ဟွမ်မောင်(ဆံဝါကောင်)၏ ချန်ထားသောငါးဆယ်ကို ထပ်ထည့်လျှင်တောင် ရေပုံးထဲက ရေတစ်စက်သာသာ ရှိပေမည်။

ဆေးခန်းငယ်လေးက လူတွေအားအလွန်စာနာပေးတတ်သည်ထင်ရသော်လည်း ထိုငွေပမာဏကမလုံလောက်မှန်း ကျိုးလီခန့်မှန်းမိနေသည်။

သူကသက်ပြင်းချ၍ ခွေးတွေကြောင်တွေ၏သံစုံတေးသွားအောက်၌ သူ့၏ကိုယ်ပိုင်အချက်အလက်တို့ကို စိတ်ဖြာလိုက်သည်။ခုချိန် မိဘတစ်ယောက်ကိုရှာခြင်းကအသုံးမဝင်ပေ။ထို့အစား သူက “တစ်သက်တာညီအစ်ကိုများ”WeChatဂရုအဖွဲ့ကိုနှိပ်ကြည့်လိုက်ပြီး အရှက်မရှိစွာပင် ရန်ပုံငွေရှာဖို့ပြင်ဆင်လိုက်သည်။လက်ရှိတွင် ၎င်းကတစ်ခုတည်းသောရွေးချယ်စရာဖြစ်ပေ၏။

အုပ်စုတွင်လူရှစ်ယောက်ရှိပြီး သူတို့အားလုံးကအတန်းလစ်ရာနှင့်ရန်ဖြစ်ရာတွင်အလွန်ထူးချွန်ကြလေသည်။

ထိုကောင်ဆိုးလေးများ၏မိသားစုအခြေအနေများကလည်း အတော်လေးဆင်တူကြ၏။မိသားစုနှစ်ခုမှာအစိုးရထောက်ပံ့ငွေပေါ်၌ပင်မူတည်နေရသည်။မူလပိုင်ရှင်ကသူတို့ဘော့စ်ဖြစ်လာရခြင်းမှာ တစ်အချက်က သူကရက်စက်၍ ၊နှစ်အချက်ကသူကအကုန်လုံးထဲ၌အချမ်းသာဆုံးဖြစ်၍ပင်။

ကျိုးလီက အစိုးရထောက်ပံ့ကြေးပေါ်မူတည်နေရသည့်အိမ်ထောင်နှစ်စုကိုတွေးမိပြီး သူ့မျက်နှာကပိုပူလာသည်။သူ့၏အကြီးကျယ်ဆုံးရိုးသားမှုနှင့်အတူ သူထပ်ပြောလိုက်၏။ “မင်းတို့တွေကိုအတင်းကြီးမလုပ်ခိုင်းပါဘူး၊ဆန္ဒရှိမှလုပ်ပါ၊မလောက်ရင် ငါတခြားနည်းစဉ်းစားလိုက်မယ်”

လူရမ်းကားလေးတွေအကုန် အံ့ဩထိတ်လန့်သွားကြလေသည်။

သူတို့၏ယင်းကော* မှာ သူတို့စကားနှစ်လုံးမှားရင်တောင် အမြဲဆူငေါက်တတ်သည်။ဘယ်အချိန်ကများ သူဟာ အသံတိုးတိုးလေး သက်ပြင်းချတတ်သွားပါသနည်း။

[T/N: အစ်ကိုလင်းယုန်]

မဖြစ်။ သူတို့ ယင်းကောကို ဒီလိုမကျေနပ်ချက်မျိုး ခံစားစေခွင့်မပြုနိုင်ပေ။

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now