Online Troll
ဒီအဆင့်ကိုစတာမကြာသေးသဖြင့် အားလုံးကလျှောက်ကြည့်နေရုံပဲ ရှိသေးပေမဲ့ အစမှတ်ကိုပြန်သွားရတာက လူတိုင်းကိုသွေးပွတ်ပွတ်အန်စေလေသည်။
စုန့်ယင်းရှီက “စန်းယွဲ့”* ဟူသော ID နှင့် ဝင်လာပြီးသည့်နောက်မှာ ကျိုးလီနှင့် WeChat မှာ နာမည်ကိိုအချင်းချင်းပြောထားပြီးပြီဖြစ်သည်။
သူမက အတင်းပြောတတ်လေ့မရှိပေမဲ့ ဒီစကားဝိုင်းထဲမှာပါဝင်နေသော သူတွေအားလုံံးကို သူမသိသည့်အပြင် ဖရဲသီးအကြီးကြီးတွေအကြောင်းပြောနေကြတာကြောင့် စိတ်ဝင်စားသွားမိသည်။ သခင်လေးကျိ၏ကားမတော်တဆမှု အကြောင်းကို ကြားလိုက်သောအချိန်မှာတော့ အံ့ဩလွန်း၍“အာ” ဟုတောင်အသံတစ်ချက်ပြုလိုက်ရုံရှိသေး ချက်ချင်းပဲ အစမှတ်ကိုပြန်ပို့ခြင်းခံလိုက်ရလေသည်။
အသက်လေးတစ်ချက်တောင်မရှူရသေးသော စုန့်ယင်းရှီ: “….”
ဘေးမှာထိုင်ပြီးတော့ မက်ဆေ့ချ်တွေကိုထိုင်ဖတ်နေသော ကျိရှောင်ယန့်: “…..”
ဦးနှောက်ထဲမှာ တွင်းပေါက်တွေနဲ့ပြည့်နေတဲ့ အရူးကောင်ကတော့ တကယ်အချိန်ကောင်းကိုရွေးတတ်တာပဲ။
ကစားသူတွေအားလုံးကို ကြယ်လက်ဆောင်ပေးပြီးမေတ္တာပို့သခြင်းကိုခံလိုက်ရသောသူကတော့ ရယ်ရခက် ငိုရခက်ဖြစ်နေသည်။
သူကအကုန်လုံးကို ချစ်ခြင်းမေတ္တာတွေမျှဝေချင်ရုံလေးပါ။ ဒီဂိမ်းကိုက သူ့ကိုဒီလိုလုပ်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ သူအပြစ်ကင်းပါတယ်နော်။
ဟုတ်တယ်လေ။ “ကစားသမားအကုန်” ဆိုမှတော့ သူလည်းပါတာပေါ့။ အစမှတ်မှာရပ်နေရင်း တုပ်တုပ်မျှတောင်မလှုပ်နိုင်။ သူအားလုံးကိုတောင်းပန် စကားပြောတော့မည့်အချိန်မှာ စခရင်ပေါ်၌ သေတ္တာလေးတစ်ခုပေါ်လာပြီး သူအမှတ်တစ်မှတ်ရသွားပြီဟု ပြောလာလေသည်။
ဒီနံပါတ် “၁” ဆိုတာကြီးကိုကြည့်ပြီး ကျောချမ်းလာရသည်။
ဂိမ်းထဲ၌ ဆဲဆိုစကား တပြုံကြီးနှင့် အစက်(...........)အရှည်ကြီးကျလာပြီး နောက် ဂိမ်းက ပြန်ငြိမ်သွားသည်။ သို့ငြား ဂိမ်းအကြောင်းကိုပြောမယ့်အစား မူလအကြောင်းအရာဆီကိုသာ ပြန်ရောက်သွားလေသည်။
YOU ARE READING
ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)
Romanceစာရေးသူ : ယီးရှစ်ဟွားချန် အမျိုးအစား : Comedy Romance School Life Shounen Ai Supernatural