Chapter 18

415 82 0
                                    


ဥဥ​လေးရဲ့ဓါတ်ပုံကိုကြည့်ကြစို့


ကျိုးလီးနိုးထလာသည်နှင့် မနေ့ညကကိစ္စတွေက သူ့ခေါင်းထဲမှပေါ်လာသည်။ ဇာတ်လမ်းကိုအဆုံးအထိသိခွင့်မရလိုက်သော ဟက်စကီးလေး၏စိတ်ဆင်းရဲမှုကို သူနားမလည်နိုင်ခဲ့။ 

သူရေချိုး၊ မနက်စာစားလိုက်ပြီးတော့ ခွေးလေးကိုပို့ဖို့အတွက် လိုအပ်တာတွေကို ထုပ်ပိုးလိုက်သည်။ သခင်လေးကျိ၏စိတ်တွေ ကြည်လင်နေဖို့အတွက် ပန်းနှစ်ပွင့်ကိုပါထည့်ပေးလိုက်သည်။ တစ်ပွင့်ကအစစ် နောက်တစ်ပွင့်ကအတု။ ရှောင်ဝူကိုလည်း ထိုပန်းတွေကို ဟက်စကီးလေး၏ဘေးနားမှာထားပေးဖို့ သတိပေးလိုက်သေးသည်။ ရှောင်ဝူတစ်ယောက် ခဏတာမျှတောင်ကြောင်အသွား၏။ 

ကျိုးလီက ဒါကိုမလုံလောက်ဘူးလို့ထင်တာကြောင့် ရှောင််ဝူ၏လက်ကိုဆုပ်ကိုင်ထားပြီး တစ်ဆင့်ချင်းဆီသေချာရှင်းပြနေလေသည်။ စုန့်ယင်းရှီက ဘက်စ်ကားမှတ်တိုင်ကိုရောက်လာမှသာ သူမနှင့် အတူကားပေါ်တက်သွားတာ ဖြစ်သည်။ 

စုန့်ယင်းရှီက ဒီနေ့တော့ထောင်ရှန်းရှန်းနှင့်အတူ မနက်စာမစားဘဲ သူမ၏အဖွားဖြစ်သူနှင့်အတူတူစားခဲ့၏။

သူတို့နှစ်ယောက်ကုန်တိုက်ကိုရောက်သွားတော့ ထောင်ရှန်းရှန်းက ပဲနို့ကိုသောက်ရင်း ပိုက်ကိုကိုက်နေပြီး သူ့ဘေးနား ကကောင်မလေးတစ်ယောက်ကို စကား​​ပြောနေလေသည်။ သူမစိတ်ကြည်နေသည့် ပုံပေါ်လေသည်။ 

ကျိုးလီီကမျက်ခုံးကိုပင့်လိုက်ပြီး သူ့စိတ်ထဲမှာ ခန့်မှန်းကြည့်နေမိသည်။ 

သေချာပေါက်ပဲ ထောင်ရှန်းရှန်းက သူတို့နှစ်ယောက်ကို ထိုကောင်မလေးနှင့် မိတ်ဆက်​ပေးလိုက်လေသည်။ မူလဝတ္ထုထဲက ဇာတ်ပို့မင်းသမီးက ဇာတ်လိုက်မနှင့် တွေ့သွားချေလေပြီ။

သာမန်လူတွေနှင့် အလှမ်းကွာအောင်လုပ်ထားသော မင်ယင်းအထက်တန်းကျောင်းကိုပဲ အပြစ်တင်ရတော့မည်။ဆိုင်ပိုင်ရှင်တွေက ဇာတ်ပို့မက အဆင့်မြင့်အထက်တန်းကျောင်းမှာတက်တာကို သိသွားခဲ့ပြီး ဝိုင်းဝန်း စပ်စုကြသည်။စကားအနည်းငယ်ပြောပြီးသည့်နောက်မှာ ချင်ကျဲ၏တူမလေးကလည်း မင်းယင်အထက်တန်းမှာ တက်နေမှန်းသိသွားတာကြောင့် ဒီနေ့မှာသူတို့နှစ်ယောက်က ‘တိုက်ဆိုင်သောရေစက်’ကြီးဖြင့် တွေ့ဆုံနေကြတာဖြစ်ပေသည်။ 

ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)Where stories live. Discover now