𝕆𝕟𝔼

1.4K 80 4
                                    

နမ်းဆမ် ရဲ့ စားသောက်ဆိုင်တစ်ခုမှာ မျက်နှာချင်းဆိုင်ရင်း နေ့လည်စာအတူစားနေသော မိန်းကလေးနှစ်ဦးရှိသည်။လွင့်ပျံနေတဲ့ ဂီတသံစဉ်ဟာလည်းငြိမ့်ငြိမ့်ညောင်းညောင်းလေး။
"Jennie ကျွန်မတို့က သေချာပေါက်လက်ထပ်မှာပဲမဟုတ်လား"
နာမည်ခေါ်ကာပြောလာတဲ့ကလေးမက အသဲယားစရာ။သို့သော် Jennie မပြုံးပြမိ။သူမမျက်ဝန်းထဲသာစိုက်ကြည့်လိုက်ပြီး
"မင်းဘက်မှာပြဿနာရှိလို့လား"
ဟုမေးတော့ ခေါင်းလွှဲသွားကာ သက်ပြင်းချပြီး သူမရှေ့က steakကို ဓားနဲ့လှီးဖြတ်ရင်း
"မရှိပါဘူး ဒါပေမဲ့ ကျွန်မက Jennie အဆင်မပြေမှာစိုးတာပါ Appa တို့က ဘယ်လိုရည်ရွယ်တာလဲမသိပေမဲ့ ကောင်းကျိုးများမှာမို့ စီမံတယ်လို့ပဲ တွေးမိတယ်လေ"
လှီးထားတဲ့အသားလေးကို ခက်ရင်းနဲ့ထိုးရင်း ဝါး‌စားနေတာများ။ အင်း သူမက သိပ်ချစ်စရာကောင်းသလို ရှပ်အဖြူလေးဝတ်ကာ လက်ကို တံတောင်ဆစ်ထိပင့်တင်ထားတာကြောင့် ခန့်ညားနေပြန်သည်။Double L ရဲ့ CEO ။Noban အိမ်ရဲ့မျိုးဆက် တစ်ဦးတည်းသောဆက်ခံသူ ဟာ အဝတ်အစားကို သာမန်သာဝတ်ပါသတဲ့။ဘာbrand မှမဟုတ်သလို သူ့ကိုယ်မှာတန်ဖိုးကြီးတာဆိုလို့ လက်စွပ်တစ်ကွင်း‌ တောင်ရှိမ နေ။သူနဲ့ယှဥ်ရင် ခေါင်းအစခြေအဆုံး Channel နဲ့ Gucci ပေါင်းစပ်ထားတဲ့ Jennie ဟာ ဂုဏ်ကြီးရှင်မကြီးလိုခံစားနေရသည်။အဝေးကကြည့်ရင် အလုပ်ရှင်နဲ့အလုပ်သမားလို့ထင်မှာအမှန်။ပြီး‌‌ တော့ သူ့စကားပြောပုံက သိပ်အစေးမကပ်ပေမဲ့ နားဝင်တော့ချိုပါတယ်။
"အဲ့လိုတွေးထားတယ်ဆိုရင် အထူးတလည်ပြောစရာမရှိတော့ဘူး လီနို ငါ Australia project ကိုမသွားခင် ပွဲဖြစ်မြောက်စေချင်တယ်"
"အင်း အဆင်ပြေတာမို့လို့ Jennie ပဲရက်‌ရွေးပါ"
"မင်းထက် ငါးနှစ်လောက်ကြီးတဲ့ငါ့ကို အဲ့လိုပဲခေါ်နေမှာလား"
"ဘာလို့လဲ Jennie ရဲ့နာမည်က Jennie မို့လို့ Jennie လို့ခေါ်တာလေ နာမည်ဆိုတာ ခေါ်စေချင်လို့မှည့်ထားတာမဟုတ်ဘူးလား"
တကယ်ကိုလက်ပေါက်ကပ်တဲ့ဟာလေး။jennie မျက်လုံးလှန်မိလိုက်သည်လို့ထင်မိသည်။တကယ် သွေးတိုးချင်စရာ။ရိုသေသမှုလေးနဲ့ ခေါ်ဖို့ပြောမလို့ကို သူကချည်းရေပက်မဝင်ဦးအောင်ပြောသွားသည်။ ထားလိုက်တော့ Jennie ဆိုတော့လည်း Jennie ပေါ့လေ ရှိပါစေတော့ ငယ်သူပေမို့။Jennieရှေ့မှာရှိတဲ့ရေခွက်ကိုခဏခဏယူကာသောက်မိတော့
"Jennie ရေတွေတအားသောက်တယ်နော် pasta က ငံလို့လား"
"ဟမ်!!"
သူပြောမှ ကိုယ့်မှာရေတောင်မသောက်ရဲတော့။စိတ်ပြေရာပြေကြောင်းရေနဲ့မျောချ ပါတယ်ဆိုကာမှ။
"ကျွန်မပြောသားပဲ steak ပဲစားပါလို့ pasta က ဒီဆိုင်ကအဆင်မပြေလောက်ဘူးလို့"
"ထားပါ ငါအဆင်ပြေတယ် မင်းဒီကပြန်ရင်ဘယ်သွားမှာလဲ"
"ကျွန်မလား သွားစရာရှိတယ်"
"ဘယ်လဲ ငါလိုက်ပို့မယ်"
"မပို့ပါနဲ့ ကျွန်မက Sunday တိုင်း နားတယ်လေ အဲ့လိုနေ့မျိုးဆို ခြေဦးတည့်ရာသွားတာ သဘောကျတာလုပ်တယ် ခံတွင်း‌တွေ့တာစားတယ် ဒီနေ့ကတော့ Jennie နဲ့ တွေ့ဖြစ်တာပါတယ်ပေါ့လေ Sunday တိုင်းကအဲ့လိုပဲဖြတ်သန်းတယ် နေ့တိုင်းက companyမှာပဲအလုပ်လုပ်နေရတာ ‌မွန်းကြပ်စရာကောင်းတယ်မလား"
"မင်းက တမျိုးလေးနော်"
"Jennie ရော ကျွန်မနဲ့လိုက်ချင်လား"
"ငါက မင်းလို လျှောက်သွားရတာမျိုး ပျော်တဲ့လူမဟုတ်ဘူး"
"အလုပ်ဂျပိုးမလုပ်လည်း မဆင်းရဲသွားပါဘူး Jennie ရော ကျွန်မရော ပိုင်ဆိုင်မှု ပေါင်းရင် နောက်ဘဝ သားစဉ်မြေးဆက်အထိတောင်ထိုင်စားလို့ရပါတယ်"
ခနဲ့သလို ရိသလိုပြောနေသော ဟာလေးကြောင့် စိတ်ကတိုလာရသည်။
"မင်း ငါ့ကားနဲ့ လိုက်မှာလား မလိုက်ဘူးလားပဲဖြေတော့ ငါ့အလုပ်တွေရှိတယ်"
"မလိုက်တော့ပါဘူး အလုပ်ဂျပိုးရယ် ကိုယ့်ဟာကိုယ်သာပြန် ကျွန်မပဲနေ့လည်စာကိုရှင်းလိုက်ပါမယ်"
"မဟုတ်တာပဲ ငါရှင်းခဲ့မယ် သွားပြီ"
ဟုဆိုကာထထွက်သွားပြီးမှ ပြန်လှည့်လာရင်း
"ပြောဖို့ကျန်ခဲ့လို့ ‌နောက်ဆို ငါ့ကို အလုပ်ဂျပိုးလို့မခေါ်နဲ့ လီနို ငါမကြိုက်ဘူး"
အင်း ရှေ့ လျှောက်ဘယ်လို ဇာတ်ကရမယ်ဆိုတာမသိပေမဲ့ အခုအနေထားလေးထိတော့ အဆင်ပြေ‌နိုင်နေပါသေးသည်။အသက်သုံးဆယ်ကျော်တဲ့အထိတစ်ခါမှရည်းစားမထားခဲ့ဖူး‌ဘဲ အိမ်ထောင်ကျရတော့မည်။ပြီးတော့လည်း ကိုယ့်ထက် ငါးနှစ်လောက်ငယ်တဲ့မိန်းကလေးတဲ့။အဆင်ပြေဖို့ပဲမျှော်လင့်ပါတယ်။

Jennie ထွက်သွားမှ Lino ပြုံးလိုက်သည်။ဒီအမျိုးသမီးဟာ အရှိန်အဝါရှိကာ မာနကြီးပေမဲ့ ချစ်စရာကောင်းသည်လို့ ထင်သည်။နေထိုင်ခဲ့ရတဲ့သက်တမ်း 28 နှစ်အတွင်း ချစ်စရာကောင်းတယ်လို့မြင်မိတာ သူမဟာ တတိယအကြိမ်ပါပဲ။ပထမက ‌Lino ရဲ့မေမေ။ဒုတိယက Lino အချစ်ဆုံးသူငယ်ချင်း Anne ပဲ။Appaက J group ရဲ့ ဆက်ခံသူ Atelier company ရဲ့ CEO Jennie Kim နဲ့ project တစ်ခုလုပ်ဖို့ရှိကြောင်းပြောသည်။ပူးပေါင်းချဲ့ထွင်ရမည့်ဈေးကွက်ဟာ Scotland မှာ။ဒီအထိမထူးဆန်းသေးပါ။ထပ်ပြောလာသည့်စကားတစ်ခုကြောင့် Lino မှာ တအံ့တဩ။
"အင်း project ပဲ ပူးပေါင်းလုပ်ဆောင်ရမှာမဟုတ်ဘူး Lino ။Jennie နဲ့လက်ထပ်ပါ"
"Appa!!"
"ဒါက သင့်တော်တယ်လို့ Appaထင်တယ် စိန်ကိုရွှေနဲ့ကွပ်မှတန်ဘိုးမြင့်မှာပေါ့ ကြေးနဲ့ကွပ်လို့ လှနိုင်ပါ့မလား စိန်ရောင်တောင်မွဲကျသွားလိမ့်မယ်"
"ကျွန်မတို့က မိန်းကလေးတွေလေ"
"မိန်းကလေးချင်းပဲဖြစ်ဖြစ် ယောက်ျားမိန်းမပဲဖြစ်ဖြစ် ယောက်ျားချင်းပဲဖြစ်ဖြစ် ကုန်ကုန်ပြောမယ် Lino Appaနဲ့ Kim နဲ့ ကတိထားထားတယ် ဘာလေးပဲမွေးမွေးလက်ထပ်ပေးမယ်ဆိုတဲ့ကတိ"
"ဗုဒ္ဓေါ !!!! ဒါက ဟာသ လိုပဲ Appa သိလား အခုခေတ်မှာဘယ်သူမှအဲ့လို တွေမလုပ်ကြတော့ဘူးဆိုတာ"
"အထွန့်မတက်နဲ့ Lino ဒါဟာ သမီးဆန္ဒကို appaမေးတာမျိုးမဟုတ်ဘူး လုပ်ကိုလုပ်ရမယ့်အကြောင်းပြောတာ ဒီတပတ် Sunday လူချင်းတွေ့ကြည့်ပါ"
"ငြင်းမရတော့မှလည်း လက်ခံတာပေါ့ Appa ကျွန်မသွားတွေ့ပါမယ်"
ဆိုပြီးတွေ့ဖြစ်ကြတာ။‌ တွေးထားသလောက်တော့ဆိုးမနေပါဘူး။ချစ်စရာ sexy မမလေးကို ရမှာ Lino ကံကောင်းတယ်ပဲပေါ့။စိတ်ချပါ အိမ်ထောင်ရေးကိုအကောင်းဆုံးတည်ဆောက်မှာမို့ စိတ်မပျက်စေရပါဘူး။ စိတ်ထဲကနေတစ်ကိုယ်တည်းကြိတ်ပြောလိုက်ပြီး ပြုံးရင်းစားပွဲမှထကာ သွားစရာရှိသည်ကို သွားရန် ဦးတည်ခဲ့သည်။

#NPC
#plot နည်းနည်းချိန်းချင်လို့ပြန်ပြင်တာပါယောရောဘွန်း
#တစ်နေ့တစ်ပိုင်းup နိုင်ဖို့ကြိုးစားပါမယ်
#ဖတ်ရှုမှု့အတွက်ကျေးဇူးတင်သလို twinkle twinkle little stars 💫 လေးတွေလည်းစွန့်ခဲ့ပါလို့

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now