𝕋𝕙𝕀𝕣𝕋𝕪𝕆𝕟𝔼

976 111 10
                                    

မနက်အစောနိုးလာတော့  Jennie အပေါ့သွားချင်လာသည်။ နာရီကိုကြည့်မိတော့ မနက်5နာရီ။

ထိုင်ရခက် ထ ရခက်လှည့်ရခက်တဲ့အခြေအနေမို့ မနည်းထ ထိုင်လိုက်ရသည်။

Jennie လှုပ်ရှားသည်ကို ဗိုက်ထဲက သမီးလေးကလည်းသိနေသည့်အလား ခြေနဲ့ကန် လက်နဲ့ထိုးလာသည်။

    အ!!!

   "အိုက်ဂူး မာမားရဲ့ မင်းသမီးလေးကလည်းနိုးနေတာလား ခဏလေးနော် ဘေဘီ့ကို အနေကြပ်နေစေတဲ့ ဆီးအိမ်ကိုမာမားလျှော့ပေးမယ်"

တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး အပေါ့သွားဖို့ရေချိုးခန်းရှိရာကိုသွားလိုက်သည်။

ကိစ္စပြီးစီးလို့ လက်ဆေးမျက်နှာပါတစ်ခါတည်းသစ်ပြီး ရေချိုးခန်းထဲကအထွက်

     "Oh my god"

ဖျက်ခနဲပျက်သွားတဲ့မီးအမှောင်ထဲမှာ Jennie အနည်းငယ်လန့်လာသည်။ဟိုကြည့်ဒီကြည့် ဟိုစမ်းဒီစမ်းနဲ့ ကုတင်ဘေးက ဖုန်းတင်ထားတဲ့နေရာကိုမှန်းဆကာလျှောက်လာလိုက်သည်။
အတော်တော့သတိထားရတာပေါ့လေ။ဖုန်းတွေ့ရင်တော့ flash မီးဖွင့်လိုရပြီ။

ထိုအချိန် အနောက်မှ လက်တစ်စုံဟာမျက်လုံးပေါ်အေးခနဲကျရောက်လာရာ

      "Ah...Omma ကယ်ပါ"

     "ရှူး ရှူး Jennie ကျွန်မပါ ကျွန်မပါ Jennie ရဲ့ Lino ပါ"

     ဟင်!!!!!

ကြောက်ရွံ့နေတဲ့ကြားဝမ်းသာမှုဟာ လှိုက်ခနဲ

    "ရူးနေလို့ဒီလို လာစတာလား ကိုယ်ဝန်သည်ကို တအားလန့်အောင်မလုပ်ရတာမင်းမသိဘူးလား"

     "မရည်ရွယ်ပါဘူး မရည်ရွယ်ပါဘူး ကျွန်မဇနီးရယ်"

အတင်းထုရိုက်နေတဲ့ Jennie လက်တွေကို‌ဆွဲချုပ်ကာရင်ခွင်ထဲထည့်ထားပေးဖြစ်သည်။ဖျက်ခနဲပျက်သွားတဲ့ မီးဟာလည်းပြန်လာပြီမို့ သူမရဲ့မျက်နှာလေးကိုသေချာမြင်နေရသည်။

သိပ်ကိုလွမ်းနေခဲ့ရတာ။ထိတ်လန့်နေလို့ မျက်နှာလေးငယ်နေပုံက ဆွဲဖျစ်ညစ်ချင်စရာ။သူမကိုပုခုံးမှထိန်းကိုင်ကာ ကုတင်ပေါ်ထိုင်စေလိုက်ပြီး

𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐Where stories live. Discover now