Scotland ရှိ အဆင်မြင့်စားသောက်ဆိုင်တစ်ခုတွင်
"Mr.Louis ဒီအတောအတွင်း ကျေးဇူးအများကြီးတင်ပါတယ် ကူညီပေးခဲ့တာ ဒါကြောင့်အဆင်ပြေပြေချောချောမွေ့မွေ့နဲ့အမြန်ဆုံးပြီးခဲ့တာပါ"
"မဟုတ်တာဗျာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကူညီရမှာပဲလေ Ms.ရဲ့အကျိုးစီးပွားက ကျွန်တော့အကျိုးစီးပွားပါပဲ"
"ချီးယား လုပ်ကြတာပေါ့"
ချီးယား!!!!!
ရှန်ပိန်ခွက်တွေမြှောက်ကာတိုက်လိုက်ပြီး တစ်ငုံသောက်ပြီး ပြန်ချလိုက်ကြသည်။
"Ms.Noban က ကိုးရီးယားကိုဘယ်တော့ပြန်မှာလဲ"
"အမြန်ဆုံးနည်းနဲ့ပေါ့ ဖြစ်နိုင်ရင် အခုညနေတောင်ပြန်လိုက်ချင်တာ"
"စိတ်မချရတဲ့လူများရှိနေလို့လား"
"သေချာတာပေါ့"
"ဟမ်!"
"ဇနီးက ကိုယ်ဝန်နဲ့လေ Mr."
"Oh!..Ms.ကို ကျွန်တော်က လူလွတ်ထင်နေတာ"
"ကျွန်မက လက်ထပ်ပြီးသားပါ "
"ဇနီးသည်ကို သိပ်ချစ်တာပဲလား"
"အင်း မချစ်တဲ့အချိန်ဆိုတာမရှိဘူးထင်ပါတယ် ဘာလုပ်လုပ် ဘာပြောပြော ဘယ်လိုနေနေသဘောကျစရာ ချစ်စရာ မြတ်နိုးစရာကောင်းတာမို့လေ"
"ဟား ဟား ဟား ချစ်တတ်မှုကြီးကတော့ဗျာ ဇနီးသည်ကရော ဘယ်နယ်ပယ်ကလဲသိခွင့်ရှိမလား"
"Jennie Kim ပါ"
"Oh My...!!! J GROUP ရဲ့ ဆက်ခံသူ ဒါ ဆို Atelier ကလည်း ...."
နာမည်ကြားရုံနဲ့ မသိသူမရှိတာလည်း တစ်မိုးအောက် Jennie Kim ရဲ့ impact ပါပဲ။
"အင်း လောလောဆယ်တော့ ကျွန်မ အုပ်ချုပ်မှုအောက်မှာပေါ့ ဇနီးသည်က အနားယူဖို့လိုတယ်လေ ကလေးနဲ့ဆိုတော့"
"တကယ်မထင်ထားဘူးဗျာ စိန်စိန် ချင်း ရွှေရွှေချင်း ထပ်ထားတာပဲ ကျွန်တော်တော့ အံ့ဩပြီးရင်းအံ့ဩပဲ"
YOU ARE READING
𝕃𝕆𝕍𝔼 𝕄𝔼 𝔻𝔸𝕐 𝔹𝕐 𝔻𝔸𝕐
Fanficပင်ပန်းမှုတွေ ငါ့အပေါ်ပြိုကျတဲ့အခါ မင်းရင်ခွင်ထဲပုန်းခွင့်ပြုပါ ..... ငါ့ကို တစ်နေ့တစ်ခြား ပိုပြီးချစ်မြတ်နိုးပေးပါ ...