Royal company
အဆင့်မြင့်ဟိုတယ်လုပ်ငန်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကိုအဓိကလုပ်ဆောင်တဲ့companyပင်...
ကောင်တာကိုရောက်လာသောမိန်းမပျိုလေးတစ်ဦး''ကိုတော်၀င်မဟာနဲ့တွေ့ချင်လို့ပါ..''
ကောင်တာက၀န်ထမ်းမလေးက''ခနစောင့်နော်''
''မြနန်းရွှေ၀ါကတွေ့ချင်တယ်လို့ပြောလိုက်ပါ..''
ထို၀န်ထမ်းမလေးကဖုန်းခေါ်လိုက်လေသည်။
တော်၀င်ရုံးခန်းထဲမှာမနေ့ကမပြီးပြတ်သေးတဲ့အလုပ်တွေကိုလက်စသတ်နေချိန်ကောင်တာမှဖုန်ူ၀င်လာခဲ့လေသည်။
''ဟယ်လိုပြောပါ''
''ceoကိုတွေ့ချင်တယ်လို့ပြောလို့ပါ..''
''ငါမအားသေးဘူးပြောလိုက်ပါ..''
''ဟို..မြနန်းရွှေ၀ါဆိုတဲ့မိန်းကလေးလာတွေ့တာပါceo''
ဟင်!!!
မြနန်းရွှေ၀ါဆိုတဲ့နာမည်ကြောင့်တော်၀င်မျက်မှောင်ကျုံ့မိသွားလေသည်။
သူမထွက်သွားတာ၁၀နှစ်ကျော်ရှိပြီးဘာလိုချင်လို့ပြန်လာတာလဲ
''သူ့ကိုငါ့ရုံးခန်းဆီလွှတ်လိုက်ပါ...''
''ဟုတ်ကဲ့ceo''
၀န်ထမ်းမလေးကဖုန်းကိုချလိုက်ပြီးမြနန်းအားပြုံးပြကာ''မမလေးကျွန်မနောက်လိုက်ခဲ့ပေးပါ...''
၀န်ထမ်းမလေးကိုခေါင်းငြိမ့်ပြပြီးသူမနောက်ကနေလိုက်လာခဲ့လေသည်။
ဒေါက်..ဒေါက်..ဒေါက်
တော်၀င်အလုပ်လုပ်နေတုန်းတံခါးခေါက်သံကြောင့်''၀င်ခဲ့''ချပ်!!!
''မမလေး၀င်သွားလိုက်ပါ''၀န်ထမ်းမလေးဖွင့်ပေးတဲ့တံခါးကိုတချက်အကြည့်ရောက်ပြီးနောက်သူမရုံးခန်းထဲသို့၀င်သွားလေသည်။
''ကိုတော်၀င်မဟာမတွေ့ရတာကြာပြီးနော်နေကောင်းရဲ့လား''
''မမြနန်းရွှေ၀ါကမြန်မာပြည်ကိုအလည်လာတာလားဗျ...ကျနော်နေကောင်းပါတယ်ဗျာ..ဟိုတလောကတောင်ကျနော်နဲ့ပိုးမြချစ်နဲ့လက်ထပ်လိုက်တာအဲဒါမဖိတ်ခေါ်မိခဲ့တာတောင်းပန်ပါတယ်...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...