ဇိုင်းမနက်အိပ်ယာနိုးလာတော့အရင်ဆုံးဖုန်းကိုဖွင့်ကြည့်မိသည်။
ညတုန်းကသူစိတ်တိုနေတာကြောင့်ဖုန်းကိုပိတ်ပစ်လိုက်သည်။
မနေ့ညကမက်ဆေ့စ်ပို့သူကတော့သူ့ထံကိုအစောင်၁၀၀မကပို့ထားသည်ကိုတွေ့ရတော့ဇိုင်းမဲ့ပြုံးလေးပြုံးမိသွားသည်။
''လင်းမြတ်မေ၀တီ...ဟက်!!!နောက်ဆုံးတော့ငါ့သားကောင်ဖြစ်လာပြီးဘဲ...''
ဇိုင်းသူမထံသို့မက်ဆေ့စ်တစ်စောင်ပို့လိုက်လေသည်။
💬ကိုတို့ဒီနေ့တွေ့ရအောင်မေလေး...
တိမ်!!!
ဇိုင်းသူမထံစာပို့ပြီးတော့ရေချိုးခန်းထဲ၀င်ကာရေမိုးချိုးပြင်ဆင်တော့သည်။
မေတစ်ယောက်ရေမိုးချိုးအ၀တ်စားလဲရန်အ၀တ်ရွေးနေစဥ်သူမဖုန်းဆီမက်ဆေ့စ်သံကမြည်လာလေသည်။
တိမ်!!!
''ဘယ်သူပို့တာပါလိမ့်..''သူမဖုန်းကိုဖွင့်ကြည့်လိုက်တော့ဇိုင်းဆီကဖြစ်နေတာကြောင့်သူမအတိုင်းမသိပျော်ရွှင်သွားလေသည်။
ဇိုင်းကဒီနေ့ငါ့ကိုတွေ့ချင်တယ်တဲ့...ပျော်လိုက်တာ...
မေဇိုင်းတွေ့ဖို့၀တ်စားရွေးနေခဲ့တာ၁နာရီလောက်ကြာသည်။
မေစိတ်တိုင်းကျ၀တ်စုံကိုတွေ့မှအဲဒါဘဲ၀တ်ဆင်ပြီးဇိုင်းချိန်းတဲ့နေရာသို့ထွက်လာခဲ့လေသည်။
''သမီးမေလေးဘယ်လဲ..''
ဒယ်ဒီကမေ့အားမနက်စာစားရင်းမေးလာသည်။
''အပြင်ပါဒယ်ဒီ''
''မနက်စာမစားတော့ဘူးလားသမီးလေး''
''မေချိန်းထားတာရှိလို့ပါဒယ်ဒီ..အခုတောင်နောက်ကျနေပြီးသွားပြီနော်''
''သမီးလေးအခုတလောတော်တော်ပျော်နေတဲ့ပုံဘဲ..စစ်မင်းညီမချစ်သူတွေဘာတွေရနေပြီးလားမေးကြည့်ကြည့်အုန်း''
''မေသာချစ်သူရမယ်ဆိုကျနော်တရားစခန်းအပြီး၀င်လိုက်မှာ''
''အေးမင်းစကားနဲ့မင်းနော်စစ်...''
အပြင်သွားဖို့ဆင်းလာသောနောက်တစ်ယောက်ပင်ဒိဿရ
''ဒိမင်းကဘယ်လဲ''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...