ဇိုင်းတို့၀င်လာတော့၀န်ထမ်းများကဇိုင်းတို့အားအရိုအသေပေးကြလေသည်။
''မဂ်လာပါMD''
''အင်း...ဦးငယ်တို့ရောက်လာပြီးလား''
''ဟုတ်ကဲ့coeကအခုလေးတင်ရောက်တာပါMD''
''လွန်းကိုတို့သွားရအောင်...''လွန်းလက်ကိုဆွဲကာထွက်သွားသောMDအားလိုက်ကြည့်နေကြသော၀န်ထမ်းမလေးများက''MDချစ်သူဖြစ်မယ်...ငါတို့တော့သွားပါပြီးဟယ်...''
လွန်းဇိုင်းရဲ့ရုံးခန်းထဲကိုရောက်လာတော့ဇိုင်းရဲ့အလုပ်အခန်းကသန့်ရှင်းသန့်ရပ်နေသည်ကိုမြင်တွေ့ရလေသည်။
''လွန်းကိုအလုပ်လုပ်တော့မယ်..လွန်းပျင်းရင်းကိုလက်တော့မှာဂိမ်းတွေရှိတယ်ဆော့နော်''
လွန်းပျင်းနေမှာကိုစိတ်ပူသောဇိုင်းအား''လွန်းဒီကိုဂိမ်းဆော့ဖို့ရောက်လာတာမှမဟုတ်တာဇိုင်းရယ်...လွန်းမှာအလုပ်တွေမပြီးပြတ်သေးတာရှိသေးတယ်...''လွန်းပြောရင်းသူမလက်တော့ကိုစားပွဲပေါ်သိူ့တင်လိုက်လေသည်။
နောက်သူမလည်းသူမအလုပ်သူမဆက်လုပ်နေတော့သည်။
ဇိုင်းလည်းသူမမှာအလုပ်ရှိတာကြောင့်ပျင်းမှာကိုစိတ်မပူတော့ပေ။
လွန်းကဇိုင်းနဲ့အတူတူအလုပ်လုပ်ချင်လို့ဇိုင်းရဲ့ရုံးခန်းမှာလာလုပ်ခြင်းပင်...
ဒီလပရောဂျက်အတွက်ဇိုင်းဒီဇိုင်းတွေထုတ်နေလေသည်။
ပုံစံကိုစိတ်တိုင်းမကျတာများသည်။
ဒီနေ့လွန်းပါလာလို့လားမသိဒေါသမထွက်ပေ။
ဇိုင်းဆုံလည်ပေါ်မှာနောက်ကျောမှီရင်းအပန်းဖြေနေလေသည်။
လွန်းဇိုင်းရဲ့ပင်ပန်းနေတဲ့ပုံကြောင့်ကော်ဖီဖျော်ပေးဖို့ကော်ဖီခန်းထဲထွက်လာခဲ့လေသည်။
ကိုလတ်ကကော်ဖီခန်းထဲမှာသူမအားတွေ့တော့နှုတ်ဆက်လေသည်။
''လွန်းလေး...ဒီကိုရောက်နေတာလားဘာလိုလို့လဲ''
''ဇိုင်းအတွက်ကော်ဖီဖျော်ပေးမလို့ပါကိုလတ်...''
''ဇိုင်းအလုပ်များနေတာလား...ပင်ပန်းနေပြီူထင်တယ်...လွန်းဒီကောင့်ကိုဂရုစိုက်ပေးလိုက်ပါအုန်း...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...