ဇိုင်း၀ယ်ထားတဲ့တိုက်ခန်းဆီကိုရောက်တော့အရင်ဆုံးရေမိုးချိုးလိုက်လေသည်။
''သခင်လေးမူမူတိူ့ဘာကူညီပေးရမလဲ''
မူမူဆိုတဲ့ဘော်ဒီကဒ်ကမားထည့်ပေးလိုက်တဲ့၇ယောက်ထဲကတစ်ယောက်ပင်
''ရတယ်မူဒီကိစ္စကို..ကိုဘဲဖြေရှင်းမယ်..မင်းတို့ကကို့ကိုကာကွယ်ပေးဖိူ့တာ၀န်ဘဲ''
''နားလည်ပါပြီးသခင်လေး...''
ဇိုင်းလွန်းကိုသတိရတာကြောင့်ဖုန်းခေါ်လိုက်လေသည်။
''ဟယ်လိုဇိုင်း..နင်အဲမှာအဆင်ပြေရဲ့လား''
''အင်းပြေတယ်နင်ရောဘာတွေလုပ်နေလဲ''
လွန်းလက်တော့ကိုကြည့်လိုက်ရင်း''ငါဒယ်ဒီလုပ်ငန်းတွေကို၀င်ကူမလို့လေ့လာနေတာဇိုင်း''
''အော်ဟုတ်လား..ကောင်းတာပေါ့...''
''ဒါနဲ့ဇိုင်း..နင်ဘာလို့လက်ထပ်မဲ့ကိစ္စကိုနောက်နှစ်မှစီစဥ်လိုက်ရတာလဲ..''
လွန်းသိချင်နေခဲ့တာကြာပြီးဇိုင်းအားမမေးရဲတာကြောင့်အချိန်ဆွဲနေခြင်းသာ
''ငါ့မှာကိစ္စလေးရှိလို့ပါလွန်းရဲ့''
*ဇိုင်းနင်ငါ့ကွယ်ရာမှာဘာတွေဘဲလုပ်နေပါစေအချိန်တန်ရင်နင်ငါ့ဆီပြန်လာပေးပါ*
''အော်..အင်းပါ..''
''လွန်း''
''ဟင်''
''ငါနင့်ကိုချစ်တယ်...''ချစ်တယ်ဆိုတဲ့စကားကြောင့်လွန်းရင်ထဲကနှလုံးသားဟာခုန်ပေါက်လာခဲ့သည်။
ဇိုင်းရဲ့ချစ်တယ်ဆိုတဲ့စကားကလွန်းအပေါ်မှာအဲဒီလောက်ထိစိုးမိုးနိုင်ခဲ့သည်။
''လွန်းလည်းရှင့်ကိုချစ်တယ်ဇိုင်း...''
''ညနက်တဲ့ထိတော့မနေနဲ့..စောစောအိပ်..''
''ဟုတ်ကဲ့ဇိုင်း..''
''အဲဆိုဒါဘဲနော်..good night''
''good nightဇိုင်း..''
တူ!!!
ဖုန်းချလိုက်ပေမယ့်လွန်းမျက်နှာကအခုထိအပြုံးပန်းတွေ၀ေဆာနေတုန်းပင်...
ဒေါ်ရွှေမြနှင်းတစ်ယောက်သမီးဖြစ်သူအတွက်ကော်ဖီလာပို့ပေးရင်းသမီးမျက်နှာကိုကြည့်လိုက်တော့ပြုံးနေတာကိုတွေ့ရလေသည်။
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romantikချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...