ချစ်ခြင်းမဲ့အမုန်းသစ္စာ(part19)

73 8 0
                                    

၀ါဒီနေ့အပြင်ထွက်လည်ဖိူ့တက်ကြွနေသည်။အကြောင်းမှာဇိုင်းကဒီနေ့သူမအားအပြင်လျှောက်လည်ဖို့ခေါ်ခြင်းကြောင့်သာ

''မမလေးအိမ်ရှေ့မှာမမလေးကောင်လေးရောက်နေပါပြီး''အိမ်အကူကလှမ်းပြီးပြောလိုက်တာကြောင့်၀ါမှန်ရှေ့သေချာရပ်ပြီးသူမကိုသူမတစ်ပတ်လှည့်လိုက်သည်။အဆင်ပြေပြီးဆိုမှဖုန်းနဲ့အိတ်ကိုကောက်ယူကာအခန်းထဲမှထွက်လာခဲ့လေသည်။

''ချာလီ၀ါဒီနေ့အိမ်ပြန်နောက်ကျမယ်နော်''

''ဟုတ်ကဲ့မမလေး..''၀ါထွက်လာတာကိုမြင်သောဇိုင်းကသူမအားပြုံးပြနှုတ်ဆက်ရင်း''၀ါဒီနေ့အရမ်းလှတယ်နော်''

ရှက်စနိုးလေးဖြင့်''ကျေးဇူးဇိုင်း''

''ဒီနေ့ကိုမင်းကိုအဖော်ပြုပေးမယ်ဘယ်သွားချင်လဲ''

''ဇိုင်းသွားမယ့်နေရာကို၀ါလိုက်ချင်တယ်''

''အိုကေဒါဆိုကိုတို့ကစားကွင်းသွားကြမယ်ပြီးရင်စျေး၀ယ်ထွက်ကြမယ်..''

''ဟုတ်ကဲ့''

၀ါဘက်ကကားတံခါးကိုဖွင့်ပေးလာသောဇိုင်း..၀ါခေါင်းမထိခိုက်မိစေရန်သူ့လက်နဲ့ကာပေးလေသည်။

ဇိုင်းက၀ါ့ကိုဆိုအမြဲတမ်းကြွေအောင်ခြွေနေသလားမှတ်ရသည်။

''၀ါ''

''ရှင်''

''ကို့ကိုဘာလို့အဲသလောက်တောင်ကြည့်နေရတာလဲ''

''အဟင်းရှင်ကအရမ်းချောလို့လေ..၀ါတော့ရှင်နဲ့တွေ့ပြီးမှအခုလိုဖြစ်သွားတာဇိုင်း''

ဇိုင်းကတော့သူမအပြောကိုရင်မခုန်ပေ။သာမန်အပြုံးမျိုးနဲ့သာချေပလိုက်သည်။

''ဇိုင်းရှင့်မှာချစ်သူရှိလား''

ရုတ်တရက်မေးလာသော၀င့်၀ါလွန်းထည်ကြောင့်ဇိုင်းမျက်မှောင်ကျုံ့သွားရသည်။

''ဘာလို့မေးတာလဲ၀ါ..''

''၀ါသိချင်လို့ပါဇိုင်းပါ''

''ကို့မှာချစ်သူရှိရင်ရော၀ါဆက်ပြီးသဘောကျနေမှာလား''

''ရှင့်မှာချစ်သူရှိနေရင်လည်း၀ါဂရုမစိုက်ဘဘူးဇိုင်း..၀ါရှင့်ကိုသဘောကျမှာဘဲ...ဘာလို့လဲသိလား''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now