ဇိုင်းတို့၂ယောက်အခန်းထဲကိုရောက်တော့အခန်းရဲ့ပြင်ဆင်မှုတွေကိုလိုက်လံကြည့်ရှုနေမိသည်၊
''ဇိုင်းဒီအခန်းကအရမ်းမိုက်တာဘဲစျေးကြီးမယ်ထင်တယ်''
''မကြီးပါဘူး...၂၀၀လောက်ပါဘဲကုန်ကျမှာ''
''၂၀၀..သိန်း၂၀၀လား''
''အင်း...''
''တော်တော်စျေးကြီးတာဘဲ..ဒီဟိုတယ်မှာဒါကစျေးအကြီးဆုံးအခန်းလားဇိုင်း''
''မဟုတ်ဘူး...ဒီထက်ပိုစျေးကြီးတဲ့အခန်းတွေအများကြီးဘဲကိုတို့အခုရောက်နေတာ၈ထပ်မြောက်ကအခန်းမှာ..ဒီဟိုတယ်က၁၆ထပ်ထိရှိတယ်...''
''တော်တော်ခမ်းနားလိုက်တာတမြို့လုံးရဲ့အလှတရားကိုခံစားမိတဲ့နေရာလေးဘဲမေတော့သဘောကျတယ်ဇိုင်း''
ဇိုင်းသူမကိုပြုံးရင်း''မေအတွက်ဒီနေ့စပရိုက်တိုက်ပေးလိုက်တဲ့သဘောပါ...မေကြိုက်မယ်ဆိုတာကိုသိနေတယ်လေ''
''ဇိုင်းမေလေရှင့်ကိုအထင်ကြီးမိတယ်သိလားဒီလိုအဆင့်မြင့်ဟိူတယ်ကြီးအထိတောင်မေ့ကိုခေါ်လာနိုင်တယ်..မေကြိုက်တတ်တဲ့အစားစာတွေကိုမှာပေးတယ်..မေလေတစ်ခုစဥ်းစားမိတယ်''
ဇိုင်းကသူမကိုအနောက်ကနေသိူင်းဖက်ရင်းလည်ပင်းကိုနမ်းလိုက်လေသည်။
''ရှင်ကနတ်သားများလားလို့လေ..ခ်ခ်ယားတယ်ဇိုင်း...''
''ကိုကနတ်သားမဖြစ်ချင်ဘူး''
''ဒါဆိုဘာဖြစ်ချင်တာလဲ...''
''မင်းအပေါ်ဆိုးမိုက်ချင်တဲ့နတ်ဆိုးဖြစ်ချင်တယ်...''
''ဇိုင်းကနတ်ဆိုးဖြစ်ချင်တယ်ပေါ့..ဒါဆိုမေကရှင့်ရဲ့မင်းသမီးဖြစ်ချင်တယ်...''
ဇိုင်းမျက်နှာလေးကိုလက်၂ဖက်နဲ့အုပ်ကိုင်ရင်းဇိုင်းရဲ့နှုတ်ခမ်းနီညိုရောင်ကိုနမ်းရှိုက်လိုက်လေသည်။
တခါမှမနမ်းရှိုက်ဖူးသောဇိုင်းရဲဲ့နှုတ်ခမ်းဟာသူမအတွက်နတ်ပြည်ရောက်အောင်ဖိတ်ခေါ်နေသလိုမျိုးပင်သူမစိတ်အစဥ်တို့ဟာဇိုင်းရဲ့နှုတ်ခမ်းကြောင့်ထိန်းချုပ်ရခက်နေခဲ့သည်။
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...