အခန်းတစ်ခုထဲတွင်
ပုလင်းကွဲအပိုင်းအစများနေရာအနှံ့ပျံ့နှံ့နေခဲ့လေသည်။
ကုတင်ထက်ကအမျိုးသမီးမှာတော့ခင်ပွန်းဖြစ်သူ၏သတင်းဆိုးကြောင့်ဒူးနှစ်ဖက်ရင်၀ယ်ပိုက်ကာရှုံးပွဲချငိုကြွေးနေလေသည်။
ဘေးနားမှာထိုင်နေသောအမျိုးသားကနှစ်သိမ့်ပေးဖို့မရှိဘဲအော်ရယ်ကာ''ဟားဟားဟား...ပိုးမင်းရဲ့ချစ်လှစွာသောယောကျာ်းမင်းကြောင့်နဲ့အသက်ကိုစတေးသွားပြီးဟားဟား''
''မင်းသိလား...သူ့ကိုဘယ်သူသတ်တာလဲဆိုတာ...ဟားဟားဟား''
''ရွှေအောင်မင်း..ဖြန်း!!! လူယုတ်မာ...''
ဦးရွှေအောင်မင်းတစ်ယောက်ပါးရိုက်ခံလိုက်ရတာကြောင့်ဒေါသထွက်သွားလေသည်။ဒေါ်ပိုးမြချစ်၏လည်ပင်းကိုဆွဲညစ်ကာ''နင်ငါ့ကိုအာခံရဲတယ်...နင့်ကငါ့သားကောင်ဖြစ်နေတာတောင်မှ..ကောင်မ..ဖြန်း''
ယောကျာ်းရိုက်ချက်ဖြစ်တာကြောင့်ဒေါ်ပိုးမြချစ်နှုတ်ခမ်းထောင့်မှာသွေးစို့သွားလေသည်။
''မင်းမှတ်ထားငါဆိုတဲ့ကောင်ကအငြိုးကြီးသလိုမင်းကိုသတ်ပစ်ဖို့၀န်လေးနေမှာမဟုတ်ဘူးကွ...''
''အခုသတ်လိုက်လေ..ငါယောကျာ်းနောက်ငါလိုက်သွားရတာပေါ့''
''ဟားဟား..အေးဆေးပေါ့..မင်းတို့၂ယောက်ထဲတမလွန်မှာဆုံရမှာမဟုတ်ဘူး..မင်းတို့တစ်မိသားစုလုံးတမလွန်မှာဆုံတွေ့ရဖို့ငါကူညီပေးမယ်...''
''ရှင်..ကျမကလေးတွေကိုမထိနဲ့...''
''ငါသတင်းကြားတယ်ဇိုင်းမြန်မာပြည်ကိုပြန်ရောက်နေပြီးတဲ့ဟားဟား...မင်းအသက်ရှင်နေတာသူသိရင်လိုက်ရှာမှာဘဲ...အဲခါကျရင်ငါ့ထောင်ချောက်ထဲဇိုင်းကိုမျှားခေါ်လာရုံပေါ့...ဟားဟား''
''ဇိုင်းကိုဘာမှမလုပ်ပါနဲ့ရွှေအောင်မင်း..''
အော်ရယ်ကာထွက်သွားသောသူသူမစကားကိုနားမ၀င်သည့်အလားတုံ့ပြန်ခြင်းဗလာနတ္ထိ...
ကုတင်ထက်တွင်ကွေးကွေးလေးပြန်လှဲရင်း''တောင်းပန်ပါတယ်ကိုရယ်...ပိုးသာခြံပြင်မထွက်ခဲ့ရင်ကိုလည်းအဖြစ်ဆိူးနဲ့ကြုံတွေ့ရမှာမဟုတ်ဘူးပိုးကြောင့်ပါ....ဇိုင်းမာမီတောင်းပန်ပါတယ်သားမာမီ့ကိုလာမကယ်ပါနဲ့ကွယ်...မာမီသားကိုထပ်ပြီးဆုံးရှုံးမခံပါရစေနဲ့တော့ကွယ်...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...