''ကိုကြီး၀ါ့ဆီအခုမှာဘဲဖုန်းခေါ်တော့တယ်နော်...ဘာလုပ်အခုမှဆက်တာလဲ''မှောင်ခွင်းညီမဖြစ်သူအပြောကြောင့်သဘောကျသွားလေသည်။
''ကိုကြီးမအားလိူ့ပါညီမလေးရယ်..''၀င့်၀ါတစ်ယောက်မျက်နှာများရှုံ့မဲ့သွားလေသည်။
''ဟွန့်ပြောလိုက်ရင်အဲအတိုင်းဘဲကိုကြီးကတစ်ချိန်လုံးမအားဘူးဘဲပြောနေ..၀ါ့မှာတော့ကိုကြီးဖုန်းကိုနေ့တိုင်းမအားတဲ့ကြားကမျှော်နေရတာ...''
''ဟုတ်ပါပြီးဗျာ..ငါ့ညီမကိုကိုကြီးနေ့တိုင်းဖုန်းခေါ်ပါ့မယ်စိတ်မဆိုးပါနဲ့တော့နော်ကောင်မလေး..''
''ပြီးရော..ဒါနဲ့ကိုကြီးဒီနှစ်ပြီးရင်၀ါကျောင်းပြီးပြီးနော်..''
''ညီမလေးရယ်အ၀ေးကြီးလိုသေးတယ်အခုမှနောက်ဆုံးနှစ်စတက်တာကို..''
''သိပါတယ်ကိုကြီး၀ါ့ဘွဲ့ယူရင်လာခဲ့မယ်မလား''
''ကိုကြီးညီမလေးဘွဲ့၀တ်စုံနဲ့ပုံကိုကိုကြီးမြင်ချင်တာပေါ့စိတ်ချလာခဲ့မယ်...''
''ဟုတ်ကိုကြီးအဲဆိုဒါဘဲနော်၀ါကျောင်းကပြန်ရင်သင်တန်းတက်ရအုန်းမှာမို့''
''ဟုတ်ပြီး..ဒါဘဲနော်..''
တူ!!!မှောင်ခွင်းဖုန်းချလိုက်တော့သက်လူတို့လူတစ်ဖွဲ့ရောက်လာလေသည်။
''ခေါင်းဆောင်ကျနော်တို့အားလုံးပြင်ဆင်ပြီးပါပြီး''
''အိုကေသားကောင်ကိုဖမ်းဖို့သွားကြတာပေါ့..''
''ဟုတ်ကဲ့ခေါင်းဆောင်..''ခွင်းအမဲရောင်ကုတ်နက်ရှည်ကို၀တ်ဆင်ပြီးဦးထုတ်၀ိုင်းကိုဆောင်းကထွက်လာခဲ့လေသည်။
၀ါတစ်ယောက်သင်တန်းချိန်နောက်ကျနေတာကြောင့်အလောတကြီးနဲ့ပြေးလာခဲ့လေသည်။
ဘုတ်!!!
သင်တန်းထဲအ၀င်မှာဘေးနားကလူတစ်ယောက်နဲ့၀င်တိုက်မိသွားလေသည်။
စာအုပ်များပြန့်ကျဲသွားတာကြောင့်အလိုမကျစွာမျက်မှောင်ကျုံ့သွားရသည်။
''ဒီမှာ...''
''မိန်းကလေးအဆင်ပြေရဲ့လား..''၀ါဘာမှမပြောနိုင်အောင်ဖမ်းစားလွန်းတယ်...သူနတ်သားများလား..
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...