''ဒယ်ဒီကျနော့်ကိုခေါ်တယ်ဆိုလို့''
''အင်းထိုင်အုန်း''နေတော်၀င်ဖခင်ဘေးနားမှာ၀င်ထိုင်လိုက်လေသည်။
''သားကမောင်နှမတွေထဲမှာအကြီးဆုံး..ဒယ်ဒီသားကိုမျှော်လင့်ထားတယ်နေတော်၀င်...လုပ်ငန်းတစ်ခုကိုသေချာလုပ်နိုင်ကိုင်နိုင်မယ်လို့ဒယ်ဒီယုံကြည်လို့မင်းကိုဒယ်ဒီရဲ့နယ်ဘက်ကစက်ရုံတွေမှာအလုပ်ပေးလိုက်တာနော်''
''စိတ်ချပါဒယ်ဒီကျနော်ကိုယုံကြည်စွာနဲ့ဒယ်ဒီလုပ်ငန်းတွေကိုအပ်နှံလိုက်ပါကျနော်အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ...''
''ကောင်းပြီး..ငါ့သားကိုဒယ်ဒီယုံကြည်တယ်...အခုအလုပ်သွားမှာမလားသွားတော့''
''ဟုတ်ကဲ့ဒယ်ဒီ..''ဦးတော်၀င်မဟာကနယ်ဘက်တွေမှာဆောက်လုပ်ရေးအတွက်သားကြီးဖြစ်သူကိုတာ၀န်ပေးလေသည်။
Royal companyပိုင်ဟိုတယ်များကမြန်မာနိုင်ငံနေရာအနှံ့မှာနေရာထားသည်မှာမြောက်မြားလှသည်။
နယ်ဘက်မှာတော့စက်ရုံတွေတည်ဆောက်ဖို့နေတော်၀င်ဦးဆောင်တာ၀န်ယူမည်ဖြစ်တာကြောင့်ဦးတော်၀င်မဟာဒီကလုပ်ငန်းတွေကိုသားငယ်နှိုင်းမဟာကိုတာ၀န်ပေးရမည်ဒါမှနေပြည်တော်ကcompanyခွဲဦးဆောင်လို့ရမည်။နေပြည်တော်ကcompanyကအခုတလောနာမည်ပျက်သတင်းကြားနေရသည်။ဦးတော်၀င်မဟာထိုဖြစ်စဥ်အကြောင်းစုံကိုသိရှိရန်နေပြည်တော်ကcompanyခွဲဆီသွားရမည်။
''ဟယ်လိုခွင်းနင့်အတွက်သတင်းကောင်းတစ်ခုငါ့မှာရှိတယ်...''ရွှေတိမ်တိုက်လွှာနေတော်၀င်တို့သားအဖစကားပြောနေကြသည်ကိုနားထောင်ပြီးခွင်းဆီသို့ဖုန်းဆက်လိုက်လေသည်။
''ဘာများလဲလွှာရဲ့...သတင်းကောင်းဆိုဇိုင်းအကြောင်းလား''
''မဟုတ်ဘူး..နေတော်၀င်နယ်ကစက်ရုံဆီကိုတာ၀န်နဲ့ပြောင်းရွှေ့လုပ်ကိုင်ရမယ်တဲ့..ဦးတော်၀င်မဟာတို့ကနေပြည်တော်ကိုအလုပ်ကိစ္စနဲ့ခရီးသွားရမယ်...''
''ဆိုတော့...လွှာဘာလုပ်စေချင်လဲ...''
''လက်စားချေရမယ်ခွင်း..ငါ့မိဘတွေကိုသူတို့သတ်ခဲ့တာလက်စားချေရမယ်...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...