ဇိုင်းဒီနေ့Royal companyသို့ထွက်လာခဲ့လေသည်။
အကြောင်းမှာဦးငယ်ကချိန်းထားသောကြောင့်မနက်ပိုင်းအစည်းအ၀ေးကိုလေ့လာအကဲခတ်ကြည့်ရန်ရောက်လာခဲ့ခြင်းပေ။
နံနက်၆နာရီခွဲလောက်ကလွန်းဇိုင်းအားနှိုးသည်။
သူမကိုယ်တိုင်မနက်စာပြင်ပေးပြီးတော့၂ယောက်အတူတူစားကြလေသည်။
ဇိုင်းကစားဖိုမှူးရှိတယ်မချက်ပေးနဲ့ပင်ပန်းတယ်ပြောသည်ကိုဂရုမစိုက်ပေ။သူမကိုယ်တိုင်ချက်ကျွေးလေသည်။နောက်အတူတူနေလို့ရှိရင်သူမကဘဲဇိုင်းကိုချက်ကျွေးမည်ဟုပြောလေသည်။
မနက်စာစားပြီးတော့သူမကိုcompanyသို့လိုက်ပို့ပေးပြီဇိုင်းဒီဘက်ကိုထွက်လာခဲ့လေသည်။
company၏ ကားပါကင်မှာကားကိုနေရာထိုးပြီးcompanyဘက်ကိုလျှောက်လာတဲ့လမ်းမှာမဆုံတွေ့ချင်သောလူနဲ့လာတိုးတော့သည်။
ခင်သစ္စာနှိုင်းပင်သူမဘယ်လိုဖြစ်ပြီးဒီထိရောက်လာသနည်း...
ဇိုင်းမြန်မာပြည်ကိုပြန်လာတာသူမကိုအသိမပေးခဲ့ပါ...
သစ္စာငေးကြည့်နေသောမောင့်ဆီသို့လျှောက်သွားကာမောင့်လက်မောင်းအားဖက်တွယ်လိုက်သည်။
''မောင်မြန်မာပြည်ပြန်ရောက်တာဘာလို့သစ္စာကိုမပြောတာလဲ''
''ကျနော်မပြောချင်လို့မဟူတ်ပါဘူးမသစ္စာအလုပ်ကိစ္စတွေနဲ့ရှုပ်နေလို့ပါ''
''မောင်အခုရုံးကိုလာတာကိစ္စရှိလို့လား...''
''ဟုတ်ပါတယ်...ကျနော်အစည်းအ၀ေးရှိသေးလို့သွားပြီးနော်မသစ္စာ''
''မောင်...မောင်..''
''ကြည့်ပါလား..ထွက်သွားပြန်ပြီး..သစ္စာကိုအမြဲတမ်းတော့ရှောင်ပြေးနေလို့မရပါဘူးမောင်...''သစ္စာတစ်ယောက်ပြုံးလိုက်မိသည်။မြန်မာပြည်ကိုပြန်ရောက်လာသောမောင့်အားသစ္စာနည်းအမျိုးမျိုးနဲ့ပိုင်ဆိုင်ရဖို့ကြိုးစားမည်။
ဇိုင်းအစည်းအ၀ေးအခန်းထဲကိုရောက်တော့အားလုံး၏အကြည့်ကဇိုင်းဆီမှာပင်
''ကျနော်နောက်ကျသွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...