ဇိုင်းဒီနေ့သွားစရာမရှိတာကြောင့်အိမ်မှာဘဲရှိနေလေသည်။
''ဇိုင်း..''အခန်းထဲ၀င်လာသောသစ္စာကသူ့အားခေါ်လာသည်။
''မခင်သစ္စာကဘာလိုချင်လို့ကျနော့်ဆီရောက်လာတာလဲ..''ဇိုင်းကခနဲ့တဲ့တဲ့မေးလိုက်တော့သူမမျက်နှာခက်ထန်သွားသည်ကိုတွေ့ရလေသည်။
''ကျနော့်အချစ်ကိုကစားဖို့လား..ဒါမှမဟုတ်မမလင်းကိုကလဲ့စားချေဖို့ရောက်လာတာလား''
''မင်းကမခေဘူးဘဲဇိုင်း..တို့ထင်ထားတာထက်မင်းကအဆိပ်ပြင်းတာဘဲ..''
''ပြောပြီးသားလေကျနော်ကအဆိပ်လိုလူ..ခဗျားမထိသရွေ့တော့အဆိပ်ကခဗျားဆီကိုမကူးနိုင်ဘူး..ဇိုင်းဆိုတဲ့သျှင်မဟာမောင်ကဖအေတူလေ..တစ်စုံတစ်ယောက်ကကို့ကိုလက်စားချေဖို့အတွက်ချဥ်းကပ်လာခဲ့ရင်ကြိုတင်ကာကွယ်ဖို့အဆိပ်ကိုထုတ်သုံးတတ်တယ်လေ...ကျနော်ကအဆိပ်ရှိတယ်ဒါကိုသိသိကြီးနဲ့မခင်သစ္စာကကျနော့်ကိုအသုံးချဖို့ချဥ်းကပ်ခဲ့တယ်လေဒါဆိုဘယ်သူ့အမှားလဲ...''
သစ္စာပြုံးလိုက်သည်။ဇိုင်းကသူမသဘောကျဖို့ထိုက်တန်တဲ့သူဆိုတာ
''ဇိုင်းမင်းအမှားမဟုတ်သလိုတိူ့အမှားလည်းမဟုတ်ဘူး...မှားတာကမင်းရဲ့အမဘဲ..တို့သိပ်ချစ်ရတဲ့လုယူသွားတဲ့မင်းအမကိုကမှားတယ်...မင်းသိလားတို့အရမ်းနာကျင်ရတယ်..မင်းအမကြောင့်လေ''
''အတိတ်ကအချစ်ပုံပြင်တွေကိုကျနော်စိတ်မ၀င်စားမခင်သစ္စာနှိုင်း...မလင်းကိုလက်စားချေဖို့ကြိုးစားနေတာကခဗျားရဲ့အမှားတစ်ခုဘဲ...ဇိုင်းဆိုတဲ့ကျနော်ရှိနေသရွေ့ကျနော့်မိသားစုကိုဘယ်သူမှမထိစေရဘူး..ကျနော်ကိုဂရုမစိုက်ဘူးဆိုရင်ခဗျားသဘောဘဲ...နောက်မှဇိုင်းကိုလာမတောင်းပန်နဲ့..ကျနော်ကခွင့်လွှတ်ပြီးအေးချမ်းမှုကိုရှာတတ်တဲ့ကောင်မဟုတ်တော့ခက်တယ်ဗျာ..''
''တိူ့လက်စားချေဖိူ့ကြိုးစားခဲ့တာမှန်တယ်..ဒါတွေကအရင်တုန်းကဘဲမောင်...အခုတော့မင်းရဲ့အချစ်တုကိုတို့ရင်ခုန်နေမိပြီး..မင်းကတို့တွေ့ဖူးသမျှယောကျာ်းတွေထက်ရင်ခုန်ဖို့ကောင်းတယ်...မင်းကိုတို့သိပ်ချစ်နေမိပြီးဇိုင်း...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...