မြို့ထဲမှာတော့သူဌေးကြီးဦးသောတမင်း၏သမီးငယ်စျာပနပွဲနေ့ပင်
မုန်းစစ်မြေချစ်ရတဲ့ညီမလေးကိုအခေါင်းအပြင်ကနေအသက်မဲ့သောမျက်လုံးများနဲ့ကြည့်နေခဲ့သည်။
''ညီမလေးရယ်...ကိုစစ်တောင်းပန်ပါတယ်..''
တိမ်ရာဇာမင်းတစ်ယောက်၀တီဆုံးပြီးဆိုတဲ့သတင်းကြားတော့ချက်ချင်းမြန်မာပြည်ကိုပြန်လာခဲ့လေသည်။
''၀တီ!!!''
အခေါင်းတလားဘေးမှာထိုင်နေသောစစ်ပုခုံးကိုကိုင်လှုပ်ကာ''စစ်..၀တီဘယ်လိုဖြစ်ရတာလဲ...''
''ညီမလေးနှလုံးရှော့ဖြစ်ပြီးဆုံးသွားတာ...''
''ဘာ...၀တီမှာနှလုံးရောဂါရှိနေတာလား''
ဒိဿရကစစ်တို့ဘေးနားကိုရောက်လာပြီး''ကိုရာဇာ..မေကနှလုံးရှော့ဖြစ်ပြီးသေတာမဟုတ်ဘူး...သူ့ချစ်သူဇိုင်းသတ်လို့သေသွားတာ''
''ဘာဇိုင်း..အဲကောင်၀တီကိုနာကျင်မှုတွေထပေးခဲ့တာလားး...တောက်!!ဇိုင်း...ငါမရှိတုန်း၀တီကိုနာကျင်အောင်လုပ်ပြီးသတ်ခဲ့တယ်ပေါ့...အဲကောင်ကိုငါ၀တီအတွက်ပြန်ပြီးလက်စားချေမယ်...''
တိမ်ရာဇာမင်းဇိုင်း၏အကြောင်းကိုတစ်စွန်းတစ်စကြားဖူးသည်။
*ဇိုင်းမင်းကငါလျော့တွက်လို့မရတဲ့ထဲမှာပါတယ်...မင်းငါချစ်ရသူကိုထိရဲတယ်ဆိုတော့ငါမင်းကိုသတ်ပစ်ဖိူ့လုပ်ရတော့မယ်ထင်တယ်ဇိုင်း...*
စျာပနာပွဲမှာဦးသောတမင်းထံသို့ဖုန်း၀င်လာခဲ့သည်။
''ဟယ်လို..''
''.......''
''ဗျာ...ခင်သစ္စာနှိုင်းမြို့ပြင်ကကာစီနိုရုံမှာသေဆုံးနေတာတွေ့ရတယ်....''
''........''
''ဟုတ်..ဟုတ်ကဲ့..ကျနော်အဲကိုအခုချက်ချင်းဘဲလာခဲ့ပါ့မယ်..''
ဒိဿရခင်သစ္စာနှိုင်းနာမည်ကြားတော့''ဦးလေး...ခင်ဘာဖြစ်လို့လဲ...''
''ခင်သစ္စာနှိုင်းမနေ့ညကတည်းကကာစီနိုရုံထဲမှာသေနတ်မှန်ပြီးဆုံးသွားတယ်တဲ့...အခုသတင်းမီဒီယာတွေမရောက်ခင်ငါသွားမှဖြစ်မယ်''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romantizmချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...