ဇိုင်းသူမအနားသို့တိုးကပ်လာပြီးပိရိပြားချပ်နေတဲ့သူမရဲ့၀မ်းဗိုက်ကိုလက်တစ်ဖက်ဖြင့်ကိုင်လိုက်ပြီးသူမလည်ကုတ်သားကိုနမ်းရှိုက်လိုက်သည်။
ဇိုင်းအပြုအမူကြောင့်သူမခန္ဓာကိုယ်တုန်တက်သွားလေသည်။
ဟင်း
''ဇိုင်းဘယ်တုန်းကရောက်နေတာလဲ''သူမအသက်ရှုသံဇိုင်းကြောင့်ပြင်းထန်လာသည်။
''ကိုအခုမှရောက်တာ..မင်းကကို့ကိုစွဲဆောင်လွန်းတယ်...''ဇိုင်းသူမရဲ့အတွင်းအလှတရားများကိုဂါ၀န်အပြင်ကနေလှမ်းမြင်နေရတော့တံတွေးတစ်ချက်မျိုချမိသည်။
လွန်းသူမရဲ့အလှတရားကိုငေးမောကြည့်ပြီးမျက်နှာလွှဲသွားသူကြောင့်ပြုံးလိုက်မိသည်။
''ဇိုင်း..လွန်းကိုကြည့်...''ဇိုင်းမျက်နှာကိုသူမဘက်သို့လှည့်စေကာ''လွန်းကဇိုင်းရဲ့မူပိုင်ရှင်လို့ဇိုင်းပြောခဲ့တယ်မလား..အခုဇိုင်းရဲ့မူပိုင်ရှင်ကိုဇိုင်းထိတွေ့ခွင့်ရှိတယ်...လွန်းကဇိုင်းအပိုင်ဇိုင်းမှာလုပ်ခွင့်ရှိတယ်...''
''လွန်းကိုမင်းကိုတခြားမိန်းကလေးတွေထက်တန်ဖိုးထားတယ်...ကိုမင်းအပေါ်မှာလက်မထပ်ရသေးသရွေ့မင်းရဲ့ခန္ဓာကိုယ်ကိုထိမှာမဟုတ်ဘူး...ဒါကလည်းမင်းကိုသိပ်ချစ်လို့ဆိုတာသိထားပါနော်လွန်း..''
လွန်းဇိုင်းစကားကြောင့်ပြုံးမိလေသည်။ဇိုင်းကအပြင်ပိုင်းမှာသာအေးစက်တယ်ထင်ရပေမယ့်လွန်းအပေါ်မှာတန်ဖိုးထားတယ်ဆိုတာလွန်းအခုသိလိုက်ရပြီး
လွန်းသိပ်ကိုပျော်တယ်ဇိုင်းရှင့်ရဲ့ဇနီးလောင်ူဖြစ်ခွင့်ရခဲ့လို့၀မ်းသာတယ်..ရှင့်ရဲ့မူပိုင်ရှင်ဖြစ်ခွင့်ရခဲ့လို့ကျေနပ်မိတယ်ဇိုင်း...လွန်းရှင့်ကိုသိပ်ချစ်တယ်ဇိုင်းရယ်..
ဇိုင်း၏ရင်ခွင်ထဲမှာညရဲ့အလှတရားကိုလရောင်အောက်ကသိပ်ချစ်ရသူတို့၂ဦးဟာကောင်းကင်ပြင်ကတဖိန့်ဖိန့်နဲ့လင်းလက်နေတဲ့ကြယ်ရောင်စုံတွေကိုရေတွက်ရင်းထိုနေ့ညအဖို့သူတို့၂ဦးသား၏အမှတ်တရတွေဟာနှလုံးသားထဲမှာစွန်းထင်းကျန်ရစ်စေခဲ့မယ်ဆိုတာလမင်းကြီးသိနှင့်နေသည်။
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
عاطفيةချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...