ချစ်ခြင်းမဲ့အမုန်းသစ္စာ(part41)

60 8 0
                                    

ဇိုင်းသီဆိုဖျော်ဖြေမှုပြီးဆုံးသွားသောနားဆင်ပေးကြသောပုရိတ်သတ်များထံမှလက်ခုပ်ဩဘာပေးချီးကျူးသံများဆူညံသွားလေသည်။

ဟေး..ဖြောင်း..ဖြောင်း..ဖြောင်း...

ကောင်းလိုက်တဲ့သီဆိုဖျော်ဖြေမှု...

ဇိုင်းစင်ပေါ်ကနေဆင်းလာသောလင်ဒါက''ဇိုင်းရှင်ကတကယ်သက်သေပြနိုင်တာဘဲ..''

ဇိုင်းပြုံးလိုက်သည်။သူမကငါ့ကိုစမ်းသပ်ချင်နေတာဘဲဒီလောက်တော့အေးဆေးပေါ့...

''ရှင်လင်ဒါနဲ့ဒီနေ့တွေ့ရတာသိပ်ကိုကံကောင်းတယ်မထင်မိဘူးလား''

''ကျနော်ကဒီမိတ်ဆုံစားပွဲမှာလင်ဒါနဲ့တွေ့ရလို့၀မ်းသာမိပါတယ်..ကျနော့်အတွက်သီဆိုဖျော်ဖြေခွင့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ...''

''ဒါဆိုလင်ဒါကိုဒီတိုင်းကျေးဇူးတင်တော့မှာလားဇိုင်း...တစ်ခုခုမလုပ်ပေးချင်ဘူးလား''

ရင်ဘတ်ပေါ်ကပြေးလွှားနေသောလင်ဒါ့လက်ကိုဖမ်းကိုင်လိုက်ပြီး''ကျနော့်ကိုဘာလုပ်စေချင်တာလဲမလင်ဒါ...''

''ဇိုင်းအဆင်ပြေမယ်ဆိုတို့တွေdateကြရအောင်...''

ဇိုင်းခပ်ရေးရေးပြုံးလိုက်ပြီး''ကျနော်စိတ်မ၀င်စားဘူးမလင်ဒါ..ခွင့်ပြုပါအုန်း''

''ဇိုင်း...''

တုတုတစ်ယောက်ထိုနတ်ဆိုးကိုမျက်စိထောင့်ထောက်ကြည့်နေလေသည်။

''မစ်လင်ဒါနဲ့နတ်ဆိုးကဘာတွေလဲ...''

''ကျစ်ဘာလို့ငါသူတို့အကြောင်းတွေကိုစိတ်၀င်စားနေရတာလဲ..တုတု''

သူမတစ်ယောက်ထဲဘာဖြစ်နေမှန်းမသိချိန်မှာဘေးနားကိုရောက်လာသောဇိုင်း

''မိန်းကလေး..မင်းဟိုတခါကငါနဲ့စာအုပ်လုတဲ့တစ်ယောက်မလား''

''အမလေး..ဟင်နတ်ဆိုး..ရှင်ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ''

''မင်းခေါင်းငြိမ့်လိုက်ခေါင်းခါလိုက်မူမမှန်နေလို့ငါအခြေအနေလာကြည့်တာမင်းအဆင်ပြေတယ်ဆိုငါသွားပြီး''ဇိုင်းပြောပြီးထွက်သွားဖို့လုပ်တော့သူမကဇိုင်းလက်ကိုဆွဲထားလေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now