''လွန်းအခုနန်းပြောမယ့်ကိစ္စကိုသေချာနားထောင်စေချင်တယ်..''
လွန်းကိုတွေ့ချင်လို့အိမ်ထိရောက်လာသောမရွှေမြနန်းမောင်ကအရေးတကြီးပြောစရာရှိသည်ဟူပြောကာလွန်းအားလာတွေ့လေသည်။
''မမြနန်းပြောပါလွန်းသေချာနားထောင်ပေးပါ့မယ်''
''တို့မှာဇိုင်းနဲ့ရတဲ့ကိုယ်၀န်ရှိနေပြီး''
ခွမ်း!!!
ဒေါ်ရွှေမြနှင်းတစ်ယောက်ဧည့်သည်အတွက်ကော်ဖီဖျော်ပြီးပြန်အလာနန်းရဲ့စကားကြောင့်ကော်ဖီဗန်းပါလွတ်ကျသွားလေသည်။
''လွန်းဇိုင်းနဲ့စေ့စပ်ပွဲကိုဖျက်သိမ်းပေးလို့ရမလား''
လွန်းကတော့ဘာမှမပြောပေ။
''လွန်းတို့တောင်းပန်ပါတယ်ဇိုင်းကလေးကိုငှဲ့ကွက်ပြီးစေ့စပ်ပွဲဖျက်သိမ်းပေးပါနော်''
''သမီးလွန်း..''
''မာမီ...မမြနန်းအခုလိုလွန်းကိုတကူးတကလာပြောပေးလို့ကျေးဇူးပါ..ဇိုင်းကိုလွန်းဘယ်သူ့လက်ထဲမှမထည့်ပေးနိုင်ဘူးမမြနန်း.စေ့စပ်ပွဲကိုလည်းမဖျက်သိမ်းပေးနိုင်ဘူး..''
''ဘာ!!!နင်...ဇိုင်းနဲ့ငါကလင်မယားအရာမြောက်ပြီးလို့ငါ့မှာသူ့ကလေးရှိနေပြီးတာတောင်နင်ကထပ်ပြီးကပ်တွယ်ချင်နေသေးတာလား''
''မရွှေမြနန်းမောင်ကအရင်ဇိုင်းကိုမြူဆွယ်လို့အခုလိုဖြစ်တာလေလွန်းနဲ့ဘာဆိုင်လို့အခုလိုလာပြောရတာလဲ..မမြနန်းဇိုင်းကိုဒီကိစ္စသွားပြောသင့်တယ်လိုလွန်းထင်ပါတယ်ကိုထွန်းရေ''
''ဗျာမမလေး''
''ဧည့်သည်ကိုအိမ်အထိလိုက်ပို့ပေးလိုက်ပါအုန်း..''
''ဟုတ်ကဲ့မမလေး...အမကြွပါ..''
''တောက်.တောက်ပလွန်းသူ...''မြနန်းတစ်ယောက်သူမမှာကိုယ်၀န်ရှိလျှင်လွန်းဇိုင်းကိုလမ်းခွဲပေးမည်အထင်နဲ့အိမ်အထိလာပြောပေမယ့်လွန်းကထင်ထားတာထက်ပိုဆိုးနေသည်။
*နေနင့်အုန်းပေါ့တောက်ပလွန်းသူနင့်ကိုရှင်းပစ်ပြီးဇိုင်းကိုရအောင်ယူပြမယ်...*
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romansချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...