တော်၀င်စံအိမ်ရဲ့အဖြစ်ဆိုးကြီးအကြောင်းကိုယောဠိပေလွှာကြားသိရချိန်
''ကိုသာဏီဘာပြောလိုက်တယ်..ကိုမဟာနဲ့မရီးလုပ်ကြံခံရတယ်...မဖြစ်နိုင်ဘူး..''
''........''
''တရားခံကိုဖမ်းမိပြီးလား''
''.......''
''ကျနော်အခုချက်ချင်းဘဲမြန်မာပြည်ကိုပြန်လာခဲ့မယ်''
ဇိုင်းဦးငယ်ရုံးခန်းထဲကို၀င်လာမယ့်အချိန်မှာအခန်းတွင်းမှဦးငယ်ဖုန်းပြောသံကိုကြားသွားလေသည်။
''ကျနော်ဇိုင်းကို''
၀ုန်း!!!
''ဦးငယ်ဒယ်ဒီနဲ့မာမီဘာဖြစ်တာလဲ''
''ကိုသာဏီကျနော်နောက်မှာပြန်ဆက်တော့မယ်''
ဇိုင်းဦးငယ်ပုခုံးအားလှုပ်ကိုင်ကာ''ဘာဖြစ်တာလဲကျနော်မိဘတွေကိုဘယ်သူသတ်တာလဲ..ဦးငယ်ဖြေလေ''
''.......''
တိတ်ဆိတ်နေသောဦးငယ်ကြောင့်ဇိုင်းဒေါသတွေပေါက်ကွဲလာခဲ့လေသည်။
စားပွဲပေါ်မှာရှိတဲ့လက်တော့အားနံရံဆီသို့ပသ်ခွဲကာ''ခဗျားမပြောဘူးလား..အေးကျနော်ကိုယ်တိုင်သွားစုံစမ်းမယ်..တောက်!!!''ဇိုင်းတစ်ယောက်ဒေါသများနဲ့ထွက်သွားတော့သည်။
''ဇိုင်း....''ယောဠိဇိုင်းအားဒီကိစ္စကိုပေးမသိချင်ပေ။
ဇိုင်းဒီအကြောင်းတွေကိုသာသိရင်တရားခံတွေကိုလွယ်လွယ်အလွတ်ပေးမှာမဟုတ်ပေ။
နောက်ပြီးကိုမဟာနဲ့မရီးကိုသတ်တဲ့လူကလည်းတော်ရုံတော့မဟုတ်မှန်းယောဠိခန့်မှန်းမိသည်။
အိမ်ကို ဒေါသတကြီးပြန်လာသောဇိုင်းအားမြင့်မိုရ်နဲ့တုတုကြည့်နေမိသည်။
ဦးယောဠိမှာလည်းသူဖြစ်သူကိုတားဖို့အိမ်ကိုအမြန်ပြန်လာခဲ့လေသည်။
ခရီးဆောင်ကိုဆွဲပြီးဆင်းလာသောဇိုင်းအား''ဇိုင်းမင်းဘယ််သွားဖို့လဲ..''
''ကျနော်ဒယ်ဒိတို့ကိုသတ်ခဲ့တဲ့တရားခံကိုရအောင်ရှာမယ်...''
''မင်းအခုလိုစိတ်လိုက်မာန်ပါမလုပ်သင့်ဘူးဇိုင်း...တရားခံကမင်းအဖေထက်အင်အားကြီးလို့မင်းအဖေသေခဲ့ရတာလေ''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...