မားလန်၏ဖိတ်ခေါ်မှုကြောင့်ဇိုင်းနဲ့လွန်းတို့ဘန်ကောက်ကိုရောက်လာခဲ့လေသည်။
မားလန်ကသူ့ရဲ့ချွေးမချောလေးလွန်းကိုမြင်သည်နှင့်ပွေ့ဖက်နမ်းရှိုက်ကာနှုတ်ဆက်လေသည်။
''မားရဲ့ချွေးမလေးကသူလား''
ထိုင်းအသံနဲ့မပီမသပြောလာသောဇိုင်းရဲ့မွေးစားမိခင်ကြောင့်လွန်းပြုံးလိုက်မိသည်။
''မားလန်စ၀ပ်ဒီခပ်...''
''သမီးလေးကထိုင်းစကားပြောတတ်တာလား...''
''နည်းနည်းပါးပါးပါမား...''
''တော်လိုက်တာ...သမီးနာမည်က''
''တောက်ပလွန်းသူပါမားလန်...''
''ထောင်..ပလွန်သူလား''
မြန်မာစကားမပီတာကြောင့်လွန်းနာမည်ကတခြားအသံထွက်ဖြစ်သွားသည်ကိုဇိုင်းကအသံတိတ်ရယ်လေသည်။''ဟုတ်ကဲ့...''မားလန်ကတော့ချွေးမလေးကိုတွေ့ပြီးဇိုင်းကိုမေ့နေလေပြီး
ဇိုင်းတစ်ယောက်မျက်နှာကြီးမဲမှောင်နေလေပြီးသူ့ကိုချစ်လှချည်ရဲ့ဆိုတဲ့မားလန်ကလွန်းကိုအာလူးဖုတ်နေတာနဲ့သူ့ကိုမေ့လျော့လေသလား..ချောင်းဟန့်လိုက်တော့မားသားကြီးကအခုမှဇိုင်းဘက်ကိုလှည့်လာလေသည်။
''သားလေး..အမယ်လေးမားသားလေးလွမ်းနေရတာကွယ်လာပါအုန်း''
''မားကအခုမှကျနော့်ကိုသတိရတာပါနော်..''
''မဟုတ်ရပါဘူးsweetyလေးရယ်...မားချစ်ဆုံးကိုမားနေ့တိုင်းလွမ်းနေရတာပေါ့ကွယ်...လာပါအုန်းဖက်ထားချင်လို့...''ဇိုင်းအားလာဖက်သောမားလန်ကိုဇိုင်းရီပြီးပြန်ဖက်လိုက်လေသည်။
''မားလန်နေကောင်းတယ်နော်..ကျနော်မြန်မာပြည်မှာဖြေရှင်းရတဲ့ပြသနာတွေများနေလို့မားဆီဖုန်းမဆက်ဖြစ်တာ...''
''အိုး..ဘေဘီမားအဲကိစ္စတွေကိုသိပြီးပြီး...သားလေးဘာမှမပူနဲ့မားကိုယ်တိုင်ဖြေရှင်းပေးမယ်...သားဘက်မမှားတာကိုဘယ်တော့မှထောင်ထဲ၀င်စရာမလိုဘူး..မားသက်သေလိုက်ပေးမယ်..သားမြန်မာပြည်မှာအေးဆေးနေရအောင်မားလုပ်ပေးမယ်ဟုတ်ပြီးလားသားလေး...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Любовные романыချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...