''သခင်ကြီး...ကျနော်တို့အဲကောင်နောက်ကိုလိုက်သွားပါတယ်..ဒါပေမယ့်လန်မန်ရဲ့ပိုက်နက်မြေထဲသူတို့တွေဦးတည်သွားနေတာကြောင့်ကျနော်တို့ဆက်မလိုက်ရဲတော့တာပါ..တောင်းပန်ပါတယ်သခင်ကြီး...''
''လန်မန်ကသူတို့နဲ့ပတ်သက်နေမှာသေချာတယ်...မှောင်ခွင်းကိုဇိုင်းအလွယ်တကူဖမ်းခေါ်သွားနိုင်တာလန်မန်ကူညီမှုရမှဖြစ်မှာပေါ့..ဇိုင်းနဲ့လန်မန်ကြားမှာပတ်သက်မှုတစ်ခုခုတော့ရှိလိမ့်မယ်...ဇေရာမင်း''
''ကျနော်ရှိပါတယ်သခင်ကြီး..''
''ဇိုင်းနဲ့လန်မန်ပတ်သက်မှုကိုငါသိချင်တယ်သေချာစုံစမ်းလာပေး''
''ဟုတ်ကဲ့သခင်ကြီး...''
''ဇိုင်းဆိုတဲ့ကောင်ကလွယ်လွယ်ဖြေရှင်းလို့ရမယ့်ကောင်မဟုတ်ဘူး..''
ဆေးရုံတွင်
နွေမောင်တစ်ယောက်အရေးပေါ်အခန်းရှေ့မှာဇိုင်းအားစိုးရိမ်စွာနဲ့စောင့်နေမိသည်။
''ဇိုင်းမင်းဘာမှမဖြစ်ပါနဲ့...''
ring.ring...ring
နွေမောင်တစ်ယောက်အရေးပေါ်အခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းအိတ်ကပ်ထဲမှာဖုန်းကထမြည်လာလေသည်။
''ကျစ်..အရေးထဲမှဒီဖုန်းကလာနေသေးတယ်''
နွေမောင်ပြောရင်းဖုန်းကိုကြည့်လိုက်လေသည်။
''ဟင်..မစ်လန်..ဒုက္ခဘဲငါဘာလုပ်ရမလဲ..ဟယ်လိုမစ်လန်''
''မစ်ရှင်အောင်မြင်လားနွေမောင်''
''ဟို..အောင်မြင်ပါတယ်မစ်လန်..''
''အေးကောင်းတယ်.ငါ့သားဇိုင်းကိုဖုန်းပေးလိုက်..''
''ဟမ်..ဟိုလေဇိုင်းကဒီမှာမရှိဘူးဗျ...သူအပြင်ခနသွားတာ''
''ဇိုင်းပြန်လာရင်ပြောလိုက်ငါဖုန်းဆက်ထားတယ်လို့''
''ဟုတ်ကဲ့မစ်လန်..ကျနော်ပြောလိုက်ပါ့မယ်''
တူ!!!
''ဟူး..တော်သေးတယ်အလိမ်ကောင်းလို့..နောက်မို့ဆိုငါလည်းဒီဘ၀ကနေထွက်သွားရတော့မယ်...''
အရေးပေါ်အခန်းကနေထွက်လာသောဆရာ၀န်ကနွေမောင့်အား''လူနာကသွေးထွက်လွန်လို့သွေးလိိုနေတယ်..''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...