ဇိုင်းညဘက်တရေးနိုးတော့ဖုန်းကမြည်နေလေသည်။
''ဟယ်လိုနွေမောင်..''
''ဇိုင်းမင်းစုံစမ်းခိုင်းတဲ့ကိစ္စတွေသိရပြီးပြီးတော့ဦးလရောင်အကြောင်းပါ''
''ကောင်းပြီးငါတို့ကမ်းနားမှာတွေ့ကြတာပေါ့''
တူ!!!
ဇိုင်းအကျီလဲပြီးအနက်ရောင်ကို၀တ်ဆင်ကာဆိုင်ကယ်နဲ့ထွက်လာခဲ့လေသည်။
ကမ်းနားဘက်ကိုရောက်တော့နွေမောင်ကိုဖုန်းခေါ်လိုက်လေသည်။
''ဟယ်လိုနွေမောင်ငါရောက်ပြီး''
''ဇိုင်းငါဒီဘက်မှာမင်းဘယ်ဘက်မှာ''
ဇိုင်းနွေမောင့်အားလက်ပြလိုက်လေသည်။
''ဦးသောတမင်းနဲ့အဆက်အသွယ်ရှိတဲ့သူကတခြားမဟုတ်ဘူးဦးရွှေအောင်မင်းဘဲ...လွန်ခဲ့တဲ့၁နှစ်ကမင်းဒယ်ဒီတို့ကိုလုပ်ကြံခိုင်းခဲ့တာဦးရွှေအောင်မင်းဆိုတာကြိမ်းသေတယ်ဇိုင်း...ဘာလို့လဲဆိုဦးသောတမင်းကအဲလောက်သတ္တိမရှိဘူး..သူ့နောက်ကျောထောက်နောက်ခံရှိလို့ဦးတော်၀င်မဟာလိုဒိတ်ဒီတ်ကြဲသူဌေးကိုသတ်နိုင်တာပေါ့''
''ဦးရွှေအောင်မင်း..ဟက်..ငါတို့ရဲ့ရေစက်ကတွေ့ဖို့ပါလာတယ်ထင်ပါရဲ့...ဦးလရောင်ကိစ္စကရော''
''ဦးလရောင်ကမြို့ထဲV NIGHT HOTELမှHOTELမှာတည်းနေတာ...ဒီဘိုးတော်ကလည်တယ်...သူများသတ်မှာစိုးလို့အစောင့်တွေကိုနင့်ကန်ချထားတာကွရယ်ချင်စရာပါဘဲ....''
''ဦးလရောင်ဘာတွေလုပ်လဲဘယ်တွေသွားသတ်လဲ...''
''ဦးလရောင်ကအလောင်းကစား၀ါသနာပါတယ်...စနေတနဂ်နွေဆိုလောင်းကစားရုံမှာမိုးလင်းပေါက်အထိဆော့တတ်တယ်..''
''သူ့ဆော့နေတဲ့လောင်းကစားရုံကဘယ်မှာလဲ''
''မြို့ပြင်ကဟိုတယ်မှာ..မင်းအံ့သြသွားမယ့်အရာ..အဲဒီဟိုတယ်ကဦးရွှေအောင်မင်းပိုင်တဲ့ဟိုတယ်ဘဲ...''
''ဟက်!!!ကျားဂူထဲကိုအလည်တခေါက်သွားရတော့မှာပေါ့...နွေမောင်ငါ့အတွက်တစ်ခုကူညီပေး..''
''ပြောပါဆရာကျနော်တို့ကကူညီဖို့အသင့်ပါဘဲ...''
နွေမောင်စနောက်လိုက်လေသည်။
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...