''ဒယ်ဒီကျနော်လွန်းနဲ့စေ့စပ်ထားတာကိုဖျက်သိမ်းပါရစေ''
''သျှင်...''မာမီကဇိုင်းလက်ကိုကိုင်ကာသတိပေးလေသည်။
''ဘာဖြစ်လိူ့လဲသျှင်...သမီးလွန်းကဒီစေ့စပ်ပွဲကိုမလိုချင်တော့ဘူးပြောလို့လား''
''လွန်းမပြောဘူး...ဒါပေမယ့်လွန်းကျနော့်ကိုအလိမ္မာနည်းနဲ့စေ့စပ်ပွဲကိုဖျက်သိမ်းပေးဖို့တောင်းဆိူခဲ့တယ်...ဟင်း...ကျနော်နဲ့လွန်းကအတူမရှိနေနိုင်တဲ့မျဥ်းပြိုင်လိုဘဲ...သူမရဲ့ဆန္ဒအတိုင်းကျနော်လွန်းနဲ့စေ့စပ်ပွဲကိုဖျက်သိမ်းတော့မယ်ဒယ်ဒီ...''သျှင်မဟာမောင်ကဆုံးဖြတ်ချက်ပြတ်သားသည်။
သူဘေးနားမှာမရှိပေးနေနိုင်တဲ့သူမကိုသူဘာလို့ထပ်ပြီးဆွဲထားရမှာလဲသူ့ကြောင့်သူမနာကျင်ခဲ့ရတာတွေများနေပြီးဒီလောက်နဲ့ဘဲသူမဘ၀ကိုနာကျင်စေတော့မယ်...
*လွန်းကိုတို့ပတ်သက်မှုကဒီလောက်ဘဲရေစက်ပါလာခဲ့တာဘဲ...ကိုကျေနပ်ပါတယ်လွန်း....မင်းကိုမပျော်ရွှင်အောင်လုပ်မိခဲ့တယ်တောင်းပန်ပါတယ်လွန်း...မင်းကိုပျော်ရွှင်ထားနိုင်မယ့်သူနဲ့ကြုံတွေ့ရပါစေလို့ကိုဆုတောင်းတယ်လွန်းရယ်...*
''မောင်!!!''လေဆိပ်တွင်နွေမောင့်ဆီကသတင်းကြောင့်သစ္စာမောင့်ဆီသို့ပြေးထွက်လာခဲ့လေသည်။
''မောင်!!!''ဇိုင်းသူမအသံကိုကြားပေမယ့်လျစ်လျူရှုကာလေယာဥ်ပေါ်သို့တက်ဖို့လုပ်ချိန်သူမကသူ၏လက်ကိကုအလျင်အမြန်ဖမ်းဆွဲပြီးသူ၏နှုတ်ခမ်းကိုနမ်းရှိုက်လိုက်လေသည်။
''မောင်မသွားပါနဲ့တို့နဲ့အတူနေပေးပါနော်မောင်...''
''မခင်သစ္စာ...ကျနော်ပြောခဲ့ပြီးပြီးလေကျနော်တို့တွေမဖြစ်နိုင်ဘူး...ကျနော့်ကိုမေ့လိုက်ပါ.''သစ္စာချစ်ရသူဆီကခါးသီးသောစကားကြောင့်ခေါင်းကိုတွင်တွင်ခါကာ''ဟအင်းမောင်..တို့မေ့လို့မရဘူး..မောင်တို့ကိုမမေ့ခိုင်းပါနဲ့...တို့မင်းမရှိဘဲမနေနိုင်ဘူးမောင်...''
''ကျနော်တို့ချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးမခင်သစ္စာ..ကျနော်တို့သူစိမ်းလိုဘဲနေသွားကြရအောင်...''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
عاطفيةချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...