ချစ်ခြင်းမဲ့အမုန်းသစ္စာ(part8)

96 10 0
                                    

''သျှင်မဟာမောင်..သမီးလေးဒါကသမီးရဲ့ဘေးနားမှာစာအတူသင်မယ့်ကျောင်းသူသစ်လေးနာမည်ကတောက်ပလွန်းသူတဲ့..သမီးလွန်းလေးကသျှင်လေးနဲ့အတူစာသင်ရမယ်နော်''

သျှင်ဆံပင်ကုတ်၀ဲနဲ့ကောင်မလေးကိုတချက်မျှသာစိုက်ကြည့်ပြီးစာအုပ်ဆီသို့အကြည့်ပြန်ရောက်သွားသည်။

၁တန်းအခန်းထဲတွင်ကလေးငယ်အယောက်၄၀ခန့်ရှိလေသည်။အကုန်လုံးကလူကုံထံသားသမီးများပင်

''ဟိုလွန်းစကားပြောလို့ရမလားသျှင်...''

''....''

''သျှင်ကအဂ်လိပ်စာဖတ်ရတာကြိုက်တာလား..လွန်းအိမ်မှာအဲလိုစာအုပ်တွေအများကြီးဘဲသျှင်ဖတ်မယ်ဆိုလွန်းယူလာပေးမယ်လေ''

''ကျေးဇူး...''

''ဟိုတစ်ခုခုမပြောတော့ဘူးလားလွန်းတစ်ယောက်ထဲပြောနေတော့ပျင်းတာပေါ့''

''မင်းကဘယ်သူ့သားသမီးလဲ''

''ဟင်..လွန်းကဖေဖေဇာမဏီနဲ့မေမေရွှေမြနှင်းရဲ့သမီးပါ''

''တဦးတည်းသောသမီးပေါ့''

''ဟုတ်ပါတယ်ဒါနဲ့သျှင်မှာရောမောင်နှမတွေရှိလား''

သူမအမေးကိုသျှင်မဖြေပေ။

''ဟိုသျှင်မကြိုက်ရင်လွန်းမမေးတော့ဘူးနော်..''

အတန်းထဲမှာသျှင်ကစကားနည်းပြီးစာတော်တဲ့ကျောင်းသူတစ်ယောက်ပင်

ကျောင်းဆင်းချိန်ရောက်တော့သျှင်ကကျောင်းပေါက်၀မှာအိမ်ကလာအကြိုကိုရပ်စောင့်နေလေသည်။

''ဟေ့ကောင်မလေးလားကောင်လေးလား..ကိုကြီးတို့ကိုပိုက်ဆံနည်းနည်းချေးပါလား''

အတန်းကြီးသမားများကသျှင်အားမထိတထိလာစနောက်နေကြလေသည်။သျှင်ကတော့ဘာမှမတုံ့ပြန်ပေ။

''ဟာ..အနေတာလားကြည့်ပါအုန်းဟစကားလည်းမပြောဘူး..ဟေ့ဘောပြားမင်းအနေတာလား..အား..ဂျွတ်!!''ရုတ်တရက်သျှင်မျက်နှာအားလာကိုင်မယ့်လက်ကိုဆွဲယူကာချိုးလိုက်လေသည်။

သျှင်က၁တန်းသာဆိုပေမယ့်အရပ်အမောင်းက၅တန်းသမားတစ်ယောက်လိုပင်...

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now