မစ်လန်ရန်သူကိုထိန်းသိမ်းထားတဲ့နေရာကိုရောက်လာတော့အစောင့်တွေကအရိုအသေပေးလေသည်။
''မစ်လန်ရောက်လာပြီးလား''
''ဘယ်မှာလဲရန်သူ''
''သေချာဖမ်းချုပ်ထားပါတယ်...''
''သားလေးမားတိူ့သွားရအောင်..''
''ဟုတ်ကဲ့မား''
အစောင့်၂ယောက်ကဇိုင်းတို့ရှေ့ကနေလမ်းပြပေးလေသည်။လျို၀ှက်နေရာကမထင်ရအောင်ကိုပြောင်မြောက်လွန်းလှသောပြင်ဆင်မွန်းမံမှုများပြင်အစောင့်တွေကလည်းအထူးလေ့ကျင့်သောသူတွေဖြစ်သည်။
နံရံအကာရှေ့ကိုရောက်တော့အစောင့်ဘေးနားကမီးတုတ်ကိုဆွဲလိုက်ရာထိုနံရံကပွင့်သွားလေသည်။အထဲမှာလူသွားလမ်းကျဥ်းလေးကိုတွေ့ရလေသည်။
ထိုလမ်းအတိုင်းလျှောက်လာရာနောက်ဆုံးတော့တံခါးကိုရှာတွေ့လေသည်။သို့သော်တံခါးပေါက်တွေကတစ်ခုထဲမဟုတ်ပါ..အားလုံး၁၀ခုလောက်ရှိသည်။မားလန်ကထိုတံခါးပေါက်တွေကသိသည်။တံခါးပေါက်၆ပေါက်မြောက်ကိုရွေချယ်ကာဖွင့်လိုက်တော့အထဲမှာလူတစ်ယောက်ကိုသံကြိုးတွေနဲ့ချုပ်နှောင်ထားတာတွေ့ရလေသည်။
''သူလားငါတိူ့ဆီကိုလွှတ်လိုက်တဲ့သူလျှိုဆိုတာ''
''ဟုတ်ပါတယ်မစ်လန်...''
လန်မန်ထိုလူ့အနားရောက်လာတော့ထိုလူကမော့ကြည့်ကာခနဲ့တည့်တည့်ပြုံးလာသည်။
''မစ်လန်မန်ဆိုတာခဗျားလား...မထင်ရဘူးအရမ်းလှတာဘဲ..''
ခွပ်
''စကားပြောတဲ့ဆင်ခြင်မှုမရှိတဲ့ကောင်...''
''ဟားဟားဟား...လန်မန်ခဗျားကျနော့်ကိုအခုလိုဖမ်းချုပ်ထားလို့သတင်းတွေရမယ်ထင်နေတာလား...ဘယ်တော့မှမပြောဘူးကွ''
ခွပ်
''တော်တော်ပါးစပ်ကောင်းနေတယ်ပေါ့''
''တော်တော့..ဒီမှာကောင်လေးမင်းကငယ်ပါသေးတယ်တို့မင်းကိုသတ်ရမှာသိပ်ကိုနှမျောမိသား...မင်းပြောဘယ်သူကမင်းကိုခိုင်းတာလဲ...''
''ကျနော့်ဆရာကကျနော့်ကိုခိုင်းလို့ရောက်လာတာပေါ့ကွာ..''
''မင်းဆရာနာမည်ကဘယ်သူလဲ''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Storie d'amoreချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...