ချစ်ခြင်းမဲ့အမုန်းသစ္စာ(part65)

81 10 0
                                    

''အကိုလေးဒီနေ့တင်သွင်းတဲ့ဘိန်းတွေမြို့ပြင်ကရဲတွေစစ်ဆေးလို့မိသွားပါပြီး''

''ဘာ!!!...မင်းတို့ကောင်တွေတောက်သုံးမကျဘူး...အခုအဲကောင်တွေဘယ်မှာလဲ''

''ရဲတွေဖမ်းသွားပါပြီးအကိုလေး...''

''ခွပ်!!!အသုံးမကျတဲ့ကောင်တွေ...မင်းတို့ကြောင့်ငါငွေပေါက်ပိတ်တော့မယ်ကွ...''

တိမ်ရာဇာမင်းတစ်ယောက်ရဲတွေလက်ထဲရောက်သွားသောဘိန်းများကြောင့်မကြာခင်မှာသူ့ဆီကိုဦးတည်လာတော့မယ်ဆိုတာသိနေလေသည်။

''အဲကောင်တွေကိုငါနဲ့မပတ်သက်ကြောင်း၀န်ခံခိုင်းလိုက်သူတို့မိသားစုအတွက်ငါတာ၀န်ယူမယ်လို့ပါပြောလိုက်ကွာ...ငါရဲတွေနဲ့စကားမပြောချင်ဘူး...တောက်!!!''

''ဟူတ်ကဲ့အကိုလေး''

''အကိုလေးအကိုလေး...အောက်မှာရဲတွေရောက်နေတယ်...ဘိန်းကိစ္စစစ်ဆေးချင်လို့တဲ့...''

''ဘာ..ဟာကွာ...ကျစ်...''

''အကိုဘာဆက်လုပ်မှာလဲ''

''တောက်ခွေးသားတွေပြောလိုက်ပြီးထင်တယ်...ဘာလုပ်ရမှာလဲငါတော့အဖမ်းမခံနိုင်ဘူး..အကြမ်းဖက်ပြီးထွက်ပြေးရမှာပေါ့...''

ရာဇာသေနတ်ကိုထုတ်ပြီးအောက်ထပ်ကိုပြေးဆင်းလာခဲ့လေသည်။

တကယ်တော့ဘိန်းဆေးမှုန့်တွေရှိနေတဲ့အသီးပို့တဲ့ကုန်ကားကိုမောင်းလာသူကဇိုင်းပင်တမင်သက်သက်ပင်ရဲတွေစစ်ဆေးတဲ့ဂိတ်ဆီကိုမောင်းလာခဲ့လေသည်။

အဓိကတိမ်ရာဇာမင်းဆိုတဲ့ကောင်ကိုချောက်ချချင်လို့ပင်...တကယ်လည်းအလုပ်ဖြစ်ခဲ့လေသည်။ဇိုင်းဂိတ်ကအစောင့်ရဲ၂ယောက်ကိုစကားသွားပြောပြီးစာအိတ်တစ်ခုပေးလိုက်လေသည်။

ရဲတွေကထိုစာအိတ်ကိုဖောက်ဖတ်ကြည့်ပြီးနောက်ဇိုင်းအားခေါင်းငြိမ့်ပြကာကုန်ကားကိုသွားစစ်လေသည်။

''ဆရာ..''

ရဲမှူးကသတိပေးလိုက်တာကြောင့်ကျန်တဲ့ရဲများပါသေနတ်ထုတ်ကာဆင်းလာသောသေနတ်ကိုင်အဖွဲ့ကိုချိန်ထားလိုက်လေသည်။

''ကျနော်တို့သတင်းအတိအကျရထားတယ်..ကိုတိမ်ရာဇာမင်းကျနော်တို့နဲ့ပူးပေါင်းပေးပါ...ခဗျားရဲ့ကုန်ကားမှာဘိန်းထုတ်တွေတွေ့တယ်...ဘိန်းကုန်ကူးဖို့ကြိုးစားနေတဲ့ခဗျားကိုကျနော်တို့ရဲတပ်ဖွဲ့ကဖမ်းဆီးရလိမ့်မယ်.ကိုတိမ်ရာဇာမင်းလက်နက်ချအဖမ်းခံပါ...''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now