ဇိုင်းပစ်မှတ်ဖြစ်တဲ့ဒိဿရရှိရာအလောင်းကစားရုံဆီသို့ဦးတည်လာခဲ့လေသည်။
ဒီနေ့ပစ်မှတ်ကဒိဿရဆိုတဲ့ကောင်ပင်...
မနေ့ကသတင်းကြားခဲ့ရသည်။ဒုဥက္ကဌမုန်းစစ်မြေsuicideလုပ်ပြီးသတ်သေသွားသည်ဟု...ဒါတွေကဇိုင်းဖန်တီးတဲ့လုပ်ဇာတ်ဘဲလေ...
အလောင်းကစားရုံရှေ့သို့ရောက်သော်...
ဇိုင်းထင်မှတ်ထားသလိုဖြစ်လာလေသည်။ဦးသောတမင်းလူများဇိုင်းရောက်လာသည်နှင့်သေနတ်တွေနဲ့ချိန်ကာ''အဲမှာဘဲရပ်နေလိုက်!!!''
''ဟားဟားဟားဘယ်လိုလဲဇိုင်းမင်းလမ်းဆုံးသွားပြီးမဟုတ်လား..ဟားဟား...ဒီနေ့မင်းဒီကိုရောက်လာမယ်ဆိုတာငါကြိုသိနေတယ်...သေချာသွားတယ်မင်းဒီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်...''
''ဦးသောတမင်းကသားသေတာတောင်ရယ်နိုင်သေးတယ်နော်...ကြည့်ရတာခံစားမှုမရှိပုံဘဲ...ဟက်..ဒီနေ့ကျုပ်လမ်းဆုံးပြီးလို့ခဗျားပြောတယ်နော်...တကယ်တမ်းဘယ်သူကလမ်းဆုံးတာလဲဘယ်သူကအောင်နိုင်သူလဲဆိုတာ...ဖြောင်း...ဖြောင်း...ဖြောင်း...''ဇိုင်းလက်ခုပ်သုံးချက်တီးလိုက်တော့အလောင်းကစားရုံကနေထွက်လာတဲ့နွေမောင်နဲ့သူ၏တပည့်များလက်ထဲမှာဒိဿရပါလာလေသည်သို့သော်အသက်မရှိတော့ပေ။
''ဒိ...''
ဦးသောတမင်းတစ်ယောက်သူစီစဥ်ထားတဲ့အတိုင်းအကုန်လွဲမှားနေတာကြောင့်နဖူထက်မှချွေးများစီးကျလာလေသည်။
''ဘယ်လိုလဲဦးသောတမင်း...ခဗျားပြောတဲ့လမ်းဆုံးခြင်းဆိုတာဒါလား...ဟားဟားဟား...''
နွေမောင်ဒိဿရ၏အလောင်းကိုဦးသောတမင်းဆီသို့ပစ်ပေးလိုက်လေသည်။
ဇက်ချိုးခံရသောဒိဟာဦးသောတမင်းရှေ့မှာမှောက်လျက်ပင်
''ဇိုင်း...မင်းစီစဥ်ထားတာလား..''
''ကျနော်စီစဥ်ထားတာဦးသောတမင်းလောက်တော့မပြည့်စုံဘူး..ခဗျားမသိဘူးလား...ဒီလောင်းကစားရုံကဘယ်သူပိုင်တာလဲဆိုတာ...ဟက်!!မသိလို့ဖြစ်မယ်..ကျနော်ပြောပြမယ်ဒီလောင်းကစားရုံကဦးတော်၀င်မဟာပိုင်တဲ့အရာဘဲ''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Roman d'amourချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...