ဇိုင်းသူမရှိရာမြို့လေးဆီသို့ရောက်လာတော့သူမအားဖုန်းခေါ်လိုက်လေသည်။
''လွန်းကိုရောက်ပြီး...''လွန်းဇိုင်းဖုန်းခေါ်လာတာကြောင့်အိမ်ထဲမှထွက်လာခဲ့လေသည်။
လွန်းသိပ်ကိုလွမ်းခဲ့ရသူလေးလွန်းဇိုင်းအားမျက်ရည်များနဲ့စိုက်ကြည့်ပြီးနောက်ဇိုင်းရဲ့ရင်ခွင်ထဲသိူ့တိုး၀ှေ့၀င်ရောက်လာခဲ့လေသည်။
''အရမ်းလွမ်းနေခဲ့တာ...''
ဇိုင်းသိပ်ချစ်ရသူရဲ့ကိုယ်လေးကိုပြန်လည်ထွေးပွေ့ရင်း''တောင်းပန်ပါတယ်လွန်းမင်းကိုတစ်ယောက်ထဲပစ်ထားခဲ့မိတယ်တောင်းပန်ပါတယ်''
''ဇိုင်းတောင်းပန်ဖို့မလိုဘူး..ဇိုင်းလွန်းဆီပြန်လာခဲ့တာနဲ့တင်လွန်းအတွက်လုံလောက်ပါပြီး''
''ကိုမင်းရဲ့အချစ်တွေကိုဥပေက္ခာပြုမိတယ်တောင်းပန်ပါတယ်...''
''ဇိုင်း...လွန်းကိုကြည့်..ဇိုင်းလွန်းအပေါ်မှာမချစ်တော့ရင်တောင်လွန်းဇိုင်းကိုဆက်ချစ်နေမှာ...လွန်းလိုအပ်နေတဲ့သူကဇိုင်းဘဲ...ဇိုင်းသာလွန်းကိုထားသွားခဲ့မယ်ဆိုရင်လွန်းသေနိုင်တယ်..ဒါကြောင့်လွန်းကိုမထားခဲ့ပါနဲ့ဇိုင်း...လွန်းနဲ့အတူရှိနေပေးပါနော်''
''လွန်းရယ်...''ဇိုင်းသူမကိုသိပ်လွမ်းနေခဲ့တာ..သူမအပေါ်မှာပြုခဲ့တဲ့အမှားတွေအတွက်သူမအရှေ့မှာရပ်တည်ဖို့ခွန်အားနည်းစေခဲ့တယ်...
သိပ်လွမ်းရတဲ့လွန်းရဲ့နှုတ်ခမ်းပါးကိုနမ်းရှိုက်လိုက်လေသည်။
လွန်းချစ်ရသူ၏အကြင်နာပေးမှုကိုခံယူရင်းသူမတို့၂ဦးသားဟာပတ်၀န်းကျင်ကိုမေ့ပျောက်သည်အထိနမ်းရှိုက်ခဲ့လေသည်။
''လွန်းအခုအိမ်မပြန်ဘူးလား''
''အိမ်ပြန်ရင်မာမီတို့ကလွန်းကိုတခြားတစ်ယောက်နဲ့လက်ထပ်ဖို့တိုက်တွန်းလိမ့်မယ်လွန်းဇိုင်းကိုချစ်တယ်ဇိုင်း..''
''လွန်းအရင်ကကိုမင်းဘေးနားမှာမရှိပေးနိုင်လို့မင်းအတွက်ခက်ခဲမယ်ဆိုတာကိုသိပါတယ်..အခုကိုမင်းဘေးနားမှာရှိနေပြီးလေ...''ဇိုင်းသူမလက်ကိုအုပ်ကိုင်လိုက်ပြီး''ကိုတို့လက်ထပ်ကြရအောင်နော်လွန်း...ကိုကို့လက်ထပ်ခွင့်ပြုပါလွန်း''ဇိုင်းသူမရဲ့ဘယ်ဘက်လက်သန်းကြွယ်မှာUKမှာတုန်းကသူမအတွက်သီးသန့်ဒီဇိုင်းနဲ့ပြုလုပ်ထားတဲ့လက်ထပ်လက်စွပ်ကိုစွပ်ပေးလိုက်လေသည်။
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...