ဘန်ဂလိုတစ်ခုတွင်
''မင်းပြောပုံအရဆိုရင်မှောင်ခွင်းမှာသိပ်ချစ်ရတဲ့ညီမလေးတစ်ယောက်ရှိတယ်ပေါ့''
နွေမောင်ကဇိုင်းအမေးကိုခေါင်းငြိမ့်ပြလေသည်။
''ဟုတ်တယ်ဇိုင်းဒီကောင်ကသူများသမီးပျိုတွေကိုလူကုန်ကူးရုံတင်မကဘူးပျော်တော်ဆက်အဖြစ်လည်းအသုံးပြုတယ်...ဒါပေမယ့်ဒီကောင်ကသူ့ညီမကိုတော့အရမ်းချစ်တာကွ...''''သူ့ညီမနာမည်ကဘယ်လိုခေါ်လဲနွေမောင်..''
''၀င့်၀ါလွန်းထည်တဲ့အခုUSမှာကျောင်းတက်နေတယ်...မင်းသူ့ညီမနာမည်မေးနေတယ်ဆိုတာမဟုတ်မှမင်းသူ့ညီမကိုပစ်မှတ်ထားဖို့လား''
''နွေမောင်..မှောင်ခွင်းရဲ့အားနည်းချက်က၀င့်၀ါလွန်းထည်ဆိုရင်ငါရဲ့ပစ်မှတ်ကအဲမိန်းကလေးဘဲ...ဇိုင်းကဘယ်လိုလူမျိုးလဲမင်းသိပါတယ်နော်နွေမောင်''
နွေမောင်ကဇိုင်းရဲ့အပြုံးကြောင့်ကျောထဲစိမ့်သွားလေသည်။
သေချာသည်ဇိုင်းဒီလိုပြုံးနေပြီးဆိုရင်တစ်ခုခုကိုယုတ်မာတော့မည်ကိုနွေမောင်သိနှင့်နေသည်။
''မှောင်ခွင်းရဲ့နာမည်အရင်းရှိတယ်ဇိုင်း''
''ဘယ်လိုလဲ''ဇိုင်းကဖန်စားပွဲပေါ်တွင်လက်ညိုးနဲ့စားပွဲကိုအသံမြ်ညအောင်ခေါက်နေရင်းမေးလိုက်လေသည်။
''တည်ကြည်ခံ့ညား..''
''တည်ကြည်ခံ့ညား..၀င့်၀ါလွန်းထည်...ဟက်!!နာမည်တွေကတော့အလန်းတွေပါလား..မှောင်ခွင်းရဲ့နောက်ကြောင်းရာဇာ၀င်ကိုတော့ငါစိတ်၀င်စားနေပြီး..''
''မင်းစိတ်၀င်စားမယ်ဆိုတာငါကြိုသိနေတယ်...ဒါပေမယ့်ဇိုင်း..မှောင်ခွင်းကမင်းထင်သလိုယောကျာ်းတစ်ယောက်တော့မဟုတ်ဘူးနော်...သူကမင်းလိုဘဲtransmanတစ်ယောက်...''
''wow!!!တကယ်ကြီး..ဟား..စိတ်၀င်စားသွားပြီးနွေမောင်ရာ...ဆက်ပြောကွာ''
''ငါစုံစမ်းသိရသလောက်သူကမိဘမဲ့ဂေဟာကနေကြီးပြင်းလာခဲ့တာသူတို့မောင်နှမ၂ယောက်ကိုလူတစ်ယောက်လာခေါ်သွားခဲ့တယ်ပြီးတော့မှောင်ခိုလောကထဲကိုရောက်လာခဲ့တာဘဲ''
YOU ARE READING
ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာ
Romanceချစ်မေတ္တာတွေဖွဲ့နှောင်ထားသောသံယောဇဥ်နှလုံးသားတစ်စုံဟာသစ္စာမဲ့ရင်ခွင်မှာခိုလှုံခွင့်ရပေမယ့်အနှိုင်းမဲ့မေတ္တာကသာရောင်ပြန်ဟပ်စေခဲ့တယ်...(တောက်ပလွန်းသူ) ဖြူစင်တဲ့နှလုံးသားတစ်စုံဟာဆိုင်သူရှိသူကိုချစ်နေမိခဲ့ပြီး...(ယှဥ်တုနှိုင်းခြယ်) အတိတ်ကအမုန်းတရားတွေက...