Chapter 5

86 7 2
                                    

Unicode

"ကျောင်းတွင်းအားကစားပြိုင်ပွဲ"
အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း
ပြင်ဦီးလွင်မြို့

ယနေ့သည် အထက၄ ၏ ကျောင်းတွင်းအားကစားပြိုင်ပွဲနေ့။

ကျောင်းသားကျောင်းသူများက ဇွဲကောင်းကောင်းဖြင့် ကျောင်းသို့ စောစီးစွာ ရောက်ရှိနေကြသည် ဘတ်စ‌ကတ်ဘောပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲက စိတ်ဝင်စားမှုအများဆုံးပင်။

ဘတ်စကတ်ဘောပွဲက ပို၍ လူစည်သည်။အဘယ်ကြောင့်ဆိုသော် စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင် ဥက္ကာရှင်းသန့်ပါသောကြောင့်ပင်။

ပွဲက ဆယ်နာရီမှ စတင်မည်ဖြစ်သော်လည်း ကျောင်းသားကျောင်းသူများက ပွဲမစမီကတည်းက တဖွဲဖွဲရောက်ရှိလာသည်။မိန်းကလေးများက ထိပ်ဆုံးတွင် နေရာယူလျက်။

ယနေ့ ‌လင်းထက်မင်းလွင်တစ်ယောက် တကြိတ်ကြိတ်ဖြစ်နေသည်။သူ ကိုဥက္ကာကို မကျေမနပ်ဖြစ်နေတာ သူတို့အသိ။ထို့ကြောင့် သူတစ်ခုခုလုပ်မည်ဟု မျှော်လင့်ရသည်။

နားနေခန်းထဲ၌.....

"ကျွန်တော်မပါလို့ မရဘူးလား"

ဆရာဇော်က မချိပြုံးဖြင့်

"ဥက္ကာ ငါ့တပည့်ကလည်းကွာ ကူညီစမ်းပါ
ဆရာတို့ကလည်း မင်းကို ခိုင်းတာမဟုတ်ဘူး အကူအညီတောင်းတာပါ"

ဥက္ကာရှင်းသန့်က အားနာစွာ ရယ်ပြနေရသည်။
သူရိန်မိုးက ဘေးနားရှိ ဝဏ္ဏထွန်းအား လက်တို့ကာ အကူအညီတောင်းတာပါကွာ မင်းကလည်းဟု စနေသည်။ဤအချင်းအရာအား ဆရာဇော်မြင်တော့

"မင်းတို့ကလည်း ငါ့ရှေ့ထားပြီး အတင်းတုပ်နေတယ်"

သူရိန်မိုးက ရှိသမျှသွားအကုန်ဖြဲကာ ရယ်ပြလိုက်သည်။ဆရာဇော်ကလည်း စကားကို ပြန်ဆက်သည်။

"ငါ့တပည့်ကလည်းကွာ မင်းပါရင် ဆရာတို့အသင်းနိုင်လောက်တယ်။အဲ့ဒါကြောင့်ပါ မင်းကလည်း ဘတ်စကတ်ဘောကျွမ်းတယ်လေ"

ဥက္ကာရှင်းသန့်ကတော့ ငြင်းရင်လည်းမကောင်းသဖြင့် ပြောစရာစကားပျောက်ဆုံးနေသည်။သူရိန်မိုးကတော့ သူ့ကြည့်ပြီး အူတက်နေသည်။
ဝဏ္ဏထွန်းကတော့ တုံဏိဘာဝေ။
------------------------------------
ပွဲစရန် ၁၀ မိနစ်အလို

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Where stories live. Discover now