Unicode
ပိုင်မင်းမြတ်သည် နဒီနှင့်စကားစမြည်ပြောနေသည်။နဒီက သူမ crush ထံမှ auto ရေးပေးလိုက်သည်ကို ဖတ်ပြနေသဖြင့် ပိုင်မင်းမြတ်လည်း နားထောင်ပေးနေရသည်။
လင်းထက်က မုန့်ထုတ်တွေသွားယူပြီး ရောက်လာသည်။ပွဲမစသေးသဖြင့် ကျောင်းသားများခြေရှုပ်နေကြသည်။သူတို့က စိုင်းစစ်ထံမသွားသေး။
စိုင်းစစ်တစ်ယောက် သူတို့အား စိတ်ဆိုးနေလေသည်။ခုနကလည်း သူတို့နှစ်ယောက်အစွမ်းကုန်ရယ်ပြနေသည်မှာ သွားအအေးပတ်မတတ်။သို့သော် အနှီကောင်က တစ်ဖက်သို့လှည့်သွားသဖြင့် နှစ်ယောက်သားမျက်နှာမှာ ခပ်မဲ့မဲ့ဖြစ်သွားကြသည်။
ဒီကောင် အခုထိစိတ်ဆိုးမပြေသေးဘူးလား?
လင်းထက်တစ်ယောက် စိုင်းစစ်ကို လိုက်ချော့နေသည်မှာ တစ်ပတ်ခန့်ရှိပြီ။ထိုနေ့ကလည်း သူနှင့်ပိုင်မင်းမြတ် စိုင်းစစ်အိမ်ထိ လိုက်သွားလေသည်။အနှီကောင်မှာ အိမ်ထဲဝင်ပြီး အခန်းတံခါးပိတ်နေလေရာ သူတို့နှစ်ယောက်သားဘာလုပ်ရမှန်းမသိတော့။
အမျိုးမျိုးပြော၍ ချော့သော်ငြား လှည့်ပင်မကြည့်။စားစရာများပြေးဝယ်ပြီး ဆက်သပါသော်လည်း သူကတံခါးပင်ဖွင့်မလာ။ကြာတော့ စိုင်းစစ်၏အမေကပင် အားနာလာလေသည်။
ဘယ်လိုမှ ပြောမရသည့်အဆုံး တပ်ခေါက်ကာ လှည့်ပြန်လာရတော့သည်။ဟွန့် ....စိုင်းစစ်မင်းသူတို့ အကြောတင်းချက်ကတော့ 9+ ပဲ...
ပိုင်မင်းမြတ်သည် စိုင်းစစ်ကိုတစ်လှည့် လင်းထက်ကိုတစ်လှည့် ကြည့်ကာ သက်ပြင်းချမိသည်။ကြာရင် သူလည်း ဆံပင်ဖြူချေရော့မည်။သူတို့အုပ်စုက အမြဲတမ်းတကျက်ကျက်နှင့်။စိုင်းစစ်ကတော့ သူတို့နဲ့စာရင် တည်ငြိမ်သည်။
ကျန်နှစ်ယောက်ကတော့ မျောက်နှင့် အမျိုးစပ်ပြီးမွေးလာမှန်း ချားလ်စ်ဒါဝင်ကို မေးကြည့်စရာမလိုဘဲ သိနိုင်သည်။
ပိုင်မင်းမြတ်မှာ ခေါင်းတရမ်းရမ်းဖြစ်နေ၍ လင်းထက်က
"ဟေ့ကောင် နတ်လား၊နဂါးလား ဝင်ပူးနေတာ"
"မင်းအဖေ"
လင်းထက်မှာ သူ့အဖေအားထိ၍ ဆွေ့ဆွေ့ခုန်သွားသည်။ပိုင်မင်းမြတ်အား နဂါးမျက်စောင်းဖြင့် ပြာ
ကျမတတ်ကြည့်ကာ

KAMU SEDANG MEMBACA
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romansaသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...