Unicode
"ဟေ့ကောင် စိုင်းစစ် လင်းထက်ကိုတွေ့လား"
"ဟင့်အင်း ဒီကောင်ဘယ်ရောက်သွားတာလဲ"
"ပြောတော့ဆုံမဲ့နေရာမှာတွေ့မယ်ဆိုပြီးတော့ ရှာလည်းမတွေ့ဘူး။ ဘယ်ချောင်ကပ်နေလဲမသိဘူး"
"ခဏစောင့်ရအောင်ကွာ။ ပြီးမှပဲ သွားရအောင်"
ယနေ့က ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲနေ့။ စိုင်းစစ်က လင်းထက်နှင့်ပိုင်မင်းမြတ်အတွက် အဖော်လိုက်ပေးခြင်းဖြစ်သည်။လင်းထက်တစ်ယောက်ကတော့ ဘယ်ချောင်ကပ်နေသည်မသိ။ ပျောက်ဆုံးနေပေသည်။
ကျောင်းအသီးသီးမှ ပ်ြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက ရောက်ရှိနေကြပြီဖြစ်သည်။
အထက ၄ အဖွဲ့လူစုချိန်ထိ လင်းထက်ရောက်မလာသေး။ပျောက်လို့ကောင်းနေတုန်း။"ဟေ့ကောင်တွေ မင်းတို့ရောက်နေကြပြီလား"
လင်းထက်မင်းလွင်တစ်ယောက်ပေါ်တော်မူလာပါသည်။
"ဆရာက လူစုနေပြီ။ မင်းဘယ်တွေရောက်နေတာလဲ"
"ဘယ်မှမရောက်ပါဘူးကွာ။ သွားရအောင်"
"အဲ့ဒါဆို ငါဟိုဘက်မှာစောင့်နေလိုက်မယ်"
စိုင်းစစ်မင်းသူက ပရိသတ်များအတွက်စီစဉ်ထားသောနေရာအား ညွှန်ပြကာပြောသည်။
"အင်း မင်းတစ်ယောက်တည်းဖြစ်နေမယ်ထင်တယ်။ ပြီးတာနဲ့ငါတို့လာခဲ့မယ်"
"အင်း"
ပိုင်မင်းမြတ်နှင့်လင်းထက်မင်းလွင်က ထွက်သွားလေသည်။စိုင်းစစ်မင်းသူလည်း နေရာရှာရန်သွားသည်။ပြိုင်ပွဲကမစသေး၍ အားလုံးကအေးအေးလူလူနားနေကြသည်။
"ဒီနှစ်ငါတို့ကျောင်းနိုင်မယ်ထင်လား"
ပိုင်မင်းမြတ်ကစကားစလာလေသည်။
"နိုင်မယ် မနိုင်ဘူးဆိုတာ အတိအကျပြောလို့မရဘူးလေ။ ငါတို့တတ်နိုင်သမျှတော့ကြိုးစားရမှာပဲ။ အနိုင်အရှုံးထက် အကောင်းဆုံးကြိုးစားဖို့ဘဲလိုတယ်။ နိုင်ဖို့မျှော်လင့်ထားသလို ရှုံးရင်လည်းလက်ခံရမှာပဲ။ အကယ်၍ ရှုံးခဲ့ရင်တောင် အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတာနဲ့တင် ကျေနပ်စရာပါ"
YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...