Unicode
Lotus Flower Private High School
"ခွန်းဆက်သွင် မနက်၁၀နာရီ မိဘဆရာအစည်းအဝေးရှိတယ်နော်"
ခွန်းဆက်သွင်က စာရေးနေရာမှ မော့ကြည့်လိုက်သည်။
"မဖြစ်မနေလာရမှာလား"
"အင်း.....အဲ့ဒါတော့ ငါလည်းမသိဘူး"
ကောင်းဆက်နိုင်က ဘေးတွင်ဝင်ထိုင်ရင်းမှ ပြောသည်။ခွန်းဆက်သွင်က ဘာမှဆက်မပြောတော့။ကောင်းဆက်နိုင်က သဘောပေါက်ဟန် ဘာမှ မပြော။ခွန်းဆက်သွင်က စာဆက်မရေးဘဲ စာအုပ်ကို စိုက်ကြည့်နေမိသည်။မေမေနဲ့ဖေဖေက လာပါ့မလား......
အတွေးပွားနေသော ခွန်းဆက်သွင်အား ကောင်းဆက်နိုင်က ပခုံးအား လက်ဖြင့်ထိကာ
"စိတ်မပူပါနဲ့ မလာလည်း ရမှာပါ။ငါ့မိဘတွေတောင် လာချင်မှ လာမှာ"
ကောင်းဆက်နိုင်က စိတ်မကောင်းဖြစ်မှာ စိုးရိမ်မှန်းသိသောကြောင့် ခွန်းဆက်သွင်က ပြန်ပြုံးပြကာ
"ငါဘာမှမဖြစ်ပါဘူး"
ကောင်းဆက်နိုင်က ခေါင်းညိတ်ပြသည်။ခွန်းဆက်သွင်မှာ သူငယ်ချင်းဟူ၍ ကောင်းဆက်နိုင်တစ်ယောက်သာ ရှိသည်။ကောင်းဆက်နိုင်က မန္တလေးကဖြစ်ပြီး အဘွားနှင့်လာနေခြင်းဖြစ်သည်။မိဘများက ပွဲရုံပိုင်ရှင်များ ဖြစ်ကာ အရမ်းမချမ်းသာသော်လည်း ပြည့်စုံသူဖြစ်သည်။တစ်ဦးတည်းသောသားဖြစ်၍ မိဘများက အလိုလိုက်အကြိုက်ဆောင်ကာ ဖူးဖူးမှုတ်ထားကြသည်။
တစ်ဦးတည်းသောသားချင်းအတူတူ အခြေအနေက မတူကြ။တစ်ယောက်က မိဘအလိုလိုက်ခံရသလောက် တစ်ယောက်ကတော့ ရှိမှန်းတောင် သတိထားမိကြဟန်မတူ။ဘဝပေးကံချင်း မတူသောကြောင့် အချစ်ခံရပုံချင်းမတူကြ။
တီ.........
"ကျောင်းတောင်ဆင်းပြီ။ခွန်းဆက်သွင် လာကြိုမှာမလား"
"အင်း"
"ဟိုလေ....ဒါဆို ငါ....."
"မင်းသွားစရာရှိရင်သွားလေ"
"ဒီညနေ မန္တလေးဆင်းရမှာ အမေနေမကောင်းလို့လေ။အဲဒါ မိုးချုပ်မှာစိုးလို့ ခပ်စောစောသွားရမှာ"

JE LEEST
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romantiekသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...