Unicode
နေ့ရက်များက ပျင်းရိဖွယ်ခပ်မှန်မှန်ကုန်ဆုံးနေသည်။အောက်တိုဘာလတွင် မိုးလေကင်းလွတ်ပြီး ကောင်းကင်မှာကြည်လင်နေတတ်သော်လည်း ယခုရက်ပိုင်းတွင် မုန်တိုင်းများရှိသဖြင့် တိမ်များအုံ့ဆိုင်းနေသည်။ထို့အပြင် အောက်တိုဘာလတတိယပတ်ရောက်ပြီဖြစ်၍ နှစ်ဝက်စာမေးပွဲများစတင်ပြီဖြစ်သောကြောင့် ကျောင်းသားများသည် တအုံ့နွေးနွေးရှိနေကြသည်။မကြည်လင်သောရာသီဥတုအခြေအနေတွင် စိတ်ဆတ်နေကြသည်။
တောင်~တောင်~တောင်~
"အဖြေလွှာတွေသိမ်းမယ်"
ဆရာမများက အဖြေလွှာစာရွက်များလိုက်သိမ်းသည်။တချို့ကအဖြေကိုအသည်းအသန်စစ်နေသည်။အဖြေလွှာများသိမ်းပြီးနောက် စာဖြေခန်းထဲမှကျောင်းသားများ အလျှိုလျှိုထွက်လာကြသည်။မိန်းကလေးများမှာ အဖြေတိုက်နေကြပြီး ယောင်္ကျားလေးများမှာတော့ ဘယ်အပုဒ်ကိုတော့ဖြင့် ဘယ်လိုမှားဖြေခဲ့သည်ဟူ၍ တစ်ဦးနှင့်တစ်ဦးဖောက်သည်ချနေကြသည်။
"ပိုင်မင်းမြတ် ဖြေနိုင်လား"
"အင်း ဖြေတော့ဖြေခဲ့တာပဲ"
"လင်းထက်မင်းကော"
"၁မှတ်တန် သုံးပုဒ် is ပြုတ်"
ပေါ့ပေါ့တန်တန်ပြန်ဖြေသော သူငယ်ချင်းနှစ်ယောက်ကြောင့် စိုင်းစစ်မင်းသူမှာခေါင်းတခါခါ။
"မင်းကရော"
ပိုင်မင်းမြတ်က မေးဆတ်၍မေးတော့
"အင်း ဖြေနိုင်ပါတယ်။ အဖြေကတော့ report card ထွက်လာမှသိရမှာပဲ"
"အင်း"
နှစ်ယောက်သားပြိုင်တူ'အင်း'ကြသည်။လင်းထက်မင်းလွင်က လက်သီးဆုပ်ထောင်ပြ၍
"နောက်ငါးဘာသာအတွက် Fighting!!"
"Fighting!!
>>>>>>>>>>>
"ကဲ နံပါတ်သေချာတပ်။ မကျန်ခဲ့စေနဲ့။ ကျန်ခဲ့ရင်တစ်မှတ်မှမပေးဘူး။ ပုစ္ဆာကိုသေချာဖတ်။ ပြီးရင် အလကားထိုင်မနေနဲ့ ပြန်စစ်။ ခိုးချဖို့တော့ လုံးဝစိတ်မကူးနဲ့။ မိလို့ကတော့ အသေပဲ။ ရုံးခန်းပါပို့မယ် ကြားလား! အားလုံး"
YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...