chapter 22 (Unicode)

56 5 6
                                    

~~လေပြည်ညင်းတွေ တိုက်ခတ်မှ
သာယာပါတယ် ချစ်သူအပြုံး~~

~~အချိန်တိုင်းမှာ အနားရှိမှ
ပျော်ရွှင်ပါတယ် ချစ်သူအပြုံး~~

~~အိပ်မက်ထဲက ထုတ်လို့မရ
ကြင်နာသူရယ် မင်းမျက်ဝန်း~~

~~ဘယ်လိုမှကို မေ့လို့မရ
ကြင်နာသူရယ် မင်းမျက်ဝန်း~~

ထူးခြားစွာနဲ့ ဖြစ်တည်လာသော ချစ်ခြင်းတစ်ခု။
လိုအပ်ချက်တွေများလို့ ဖွင့်ပြခွင့်မရခဲ့ဘူး။

အချိန်တွေကြာခဲ့ပေမဲ့ မပြောင်းလဲခဲ့တဲ့အမှန်တရားတစ်ခု။
ရူးသွပ်စွာ လိမ်လည်ခဲ့ဖူးတယ်။

မဖြစ်နိုင်ပါဘူးဆိုတဲ့ ဘောင်တွေကြားက အတ္တတစ်ခုကပွင့်ထွက်သွားမိလို့ စိတ်မဆိုးသွားဖို့မျှော်လင့်မိပါတယ်။
နှင်းဆီနီရဲ့ရိုးရှင်းလွန်းတဲ့ အဓိပ္ပာယ်ကို သူမသိလေခဲ့ဘူး။

🥀+💧=🌹

၁၄.၁.၂၀၁၉ ။

ပြင်ဦးလွင်မြို့ အထက (၄) ၏စုံညီပွဲတော်နေ့။

ကျောင်းဝင်းတစ်ခုလုံး လူများဖြင့်စည်ကားနေသည်။အားလုံးကတက်တက်ကြွကြွနှင့် ပျော်ရွှင်ရိပ်များသမ်းနေသည်။တစ်နှစ်ပတ်လုံးကျောင်းလှုပ်ရှားမှုများတွင် ထူးချွန်သောသူများအပါအဝင် စာပေထူးချွန်ဆုများကို အခမ်းအနားဖြင့်ချီးမြှင့်သောကြောင့် ဆုရသူများ၏မျက်နှာတွင် ဂုဏ်ယူနေသည့်ပုံရိပ်များကအတိုင်းသား။မိဘများကလည်း မိမိတို့၏သားသမီးများအား ဂုဏ်ယူနေကြသည်။ဆရာမများကလည်း တပည့်များကို ပီတိပြုံးများဖြင့်ကြည့်နေကြသည်။

ဆုရကျောင်းသားများသာမက ဆုမရသည့်ကျောင်းသားများပါ လာရောက်ကြသည်။အကအဖွဲ့များက လှပစွာခြယ်သထားသည်မှာမှုန်လို့။ဝတ်စုံများကလည်း အရောင်အသွေးစုံလင်စွာ လှပနေကြသည်။မူလတန်းကလေးငယ်များက ဂါဝန်သေးသေးလေးများ၊ ဘောင်းဘီသေးသေးလေးများနှင့် လွန်စွာချစ်ဖို့ကောင်းနေသည်။

ဆရာမများကတော့ မနက်အစောကြီးကတည်းက ကျောင်းသို့လာပြီး ဧည့်ခံရေးအတွက်ပြင်ဆင်ရသည်။ကျောင်းသားတချို့ကလည်း ဝိုင်းဝန်းကူညီနေကြသည်။အစဉ်အလာအရ ကြာဆံဟင်းခါးဖြင့်ဧည့်ခံပြီး မိဘတချို့နှင့် ကျောင်းသားများက စားသောက်နေကြသည်။တချို့ကလည်း အခမ်းအနားထဲဝင်၍ ဓာတ်ပုံရိုက်နေကြသည်။

တိတ်တခိုးဝေတဲ့မြူ (တိတ်တခိုးဝေတဲ့မြူ)  Donde viven las historias. Descúbrelo ahora