Flesh back End<<<
ထိုနေ့ကအဖြစ်အပျက်ကြောင့် လင်းထက်မင်းလွင်မှာ တစ်ကျောင်းလုံးဟိုးလေးတကျော်ကျော်ဖြစ်သွားသည်။ဆရာမဒေါ်ခင်အေးကြီးကဲ့သို့ 'လက်ပေါက်ကပ်ဒေါသထိပ်ခေါင်တင်'အား
သွားဆွကာလွတ်အောင်ရှောင်နိုင်သူ သတ္တိခဲအဖြစ်ဝိုင်း၍ချီးကျူးကြသည်။လင်းထက်ပြောသလို မျက်နှာမြင်ချစ်ခင်ပါစေဟု ဆုတောင်းခဲ့သလားမပြောတတ်ပါချေ။အရိုးတခြား အသားတခြားဖြစ်မည့်အန္တရာယ်မှ လွတ်တော့လွတ်သွားလေသည်။ဆရာမဒေါ်ခင်အေးကြီး၏ရိုက်ချက်မှလွတ်သွားသူသည် ကျောင်း၏သမိုင်းတွင် လင်းထက်မင်းလွင်တစ်ယောက်သာရှိလေသည်။ထို့ကြောင့် စီနီယာကိုကိုမမများနှင့် ဂျူနီယာညီလေးညီမလေးများ၏ မျက်လုံးလေးများဝင့်နေအောင် အားကျခြင်းကိုခံရပေသည်။
လင်းထက်မင်းလွင်၏မျက်နှာပိုးမှာသတ်မရအောင်ဖြီးနေကာ နေရောင်အောက်က ကြယ်ပွင့် 🌟...အဲလေ စိန်ပွင့်လေးလို💎 စပ်စလူး... မှားလို့ so many glow နေလေသည်။ဆောင့်ကြွားကြွားဖြင့် အတန်းထဲသို့ခပ်တည်တည်ဝင်လာကာ နေရာတွင်ထိုင်သည်။အချိန်က၈နာရီကျော်ရုံသာရှိသေးသဖြင့်
ကျောင်းကြီးမှာသက်ဝင်လှုပ်ရှားနေဆဲပင်။မပြီးသေးသောအိမ်စာလုပ်ရန် စာအုပ်ထုတ်လိုက်သည်။စနေ၊တနင်္ဂနွေကျောင်းနှစ်ရက်ပင် ပိတ်သော်လည်း 'ဇ' ရှိသောလင်းထက်မင်းလွင်မှာ
စာမလုပ်။တော်ကြာ 'ဇ' ရှိသောဆရာမဒေါ်ခင်အေးကြီးနှင့်တွေ့မှ 'ဇ' မျိုးနွယ်စုတိုက်ပွဲဖြစ်လိမ့်မည်။တစ်နေ့ကကိစ္စကြောင့် သူ့အားသိပ်ကြည်တာမဟုတ်။
စာမလုပ်လို့အရိုက်ခံရမှ လောလောလတ်လတ်တင်ထားသော one and only စံချိန်လေး ကျိုးသွားအုံးမည်။ခုလည်း စာစီစာကုံးရေးရန်မှာလိုက်လေရာ
လင်းထက်မင်းလွင်သည် "မမေ့နိုင်သောပုဂ္ဂိုလ်
တစ်ဦး" ခေါင်းစဉ်ဖြင့်စာစီကုံးရန် ပြတင်းပေါက်သို့ကြည့်လိုက်သည်။
Moonight - စာစီစာကုံးရေးရင် ပြတင်းပေါက်ကြည့်ရတယ် "....."မမေ့နိုင်သောပုဂ္ဂိုလ်လို့ပြောရအောင် သူ့ဘဝမှာအထိုမျှလောက်ထိမမေ့နိုင်စရာပုဂ္ဂိုလ်ဟူ၍ရှိမနေ။မမေ့နိုင်ရအောင် သူမှရည်းစားမထားဖူးတာ။ကြိုက်တဲ့သူတောင်မရှိဘူး။ဟို...ကြိုက်တယ်ဆိုတာ သူကပြန်ကြိုက်တဲ့သူပြောတာပါ။သူ့ကိုတော့ကြိုက်တဲ့သူရှိတာပေ့ါ။🤭
YOU ARE READING
တိတ်တခိုးဝေတဲ့မြူ (တိတ္တခိုးေဝတဲ့ျမဴ)
Romanceသိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက်တဲ့'မြူ'တွေအောက်မှာ ရုန်းမရအောင် ပိတ်မိနေတဲ့သူကတော့ကျွန်တော်ပေါ့ ...... တိတ်တခိုးဝေတဲ့မြူ Written by YoonMoonight သိပ်ကိုလျှို့ဝှက်တတ်တဲ့သူ့ကို 'မြူ'နဲ့တင်စားမယ် သူဆိုတဲ့ လျှို့ဝှက...